ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉။
ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင်အသုံးပြုရန်အတွက် ဂျပန် နိုင်ငံ ပြည်သူများကပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်းသွား “ကစ္ဆပနဒီ-၃” အမြန်ရေယာဉ် အသစ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Sumidagawa Shipyard တွင် တည်ဆောက် ပြီးစီးပြီ ဖြစ်သဖြင့် “ကစ္ဆပနဒီ-၃” ရေယာဉ်ကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ ရေယာဉ်တင် သင်္ဘောကြီး "MV V ISUZU VOY.NO.034" ဖြင့်တင်ဆောင်ထွက်ခွာလာခဲ့ပြီဖြစ်ပါသည်။ အဆိုပါ ရေယာဉ်တင် သင်္ဘောကြီးသည် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့သို့ ခန့်မှန်း ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။