“Capture-the-Flag(CTF) for the ASEAN Member States (AMS)” ပြိုင်ပွဲအား Online စနစ်ဖြင့် ကျင်းပသွားမည်

“Capture-the-Flag(CTF) for the ASEAN Member States (AMS)” ပထမအကြိမ် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အာဆီယံနိုင်ငံအသီးသီးမှ အသက် (၂၆)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆိုက်ဘာလုံခြုံရေးဝါသနာရှင်များ တစ်နိုင်ငံလျှင် (၃၀) ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ Network ၊ Cryptography ၊ Reverse Engineering ၊ Programming နှင့် အထွေထွေဉာဏ်စမ်းပုစ္ဆာ များကို တစ်ဦးချင်းအလိုက် သတ်မှတ်အချိန်အတွင်း ဖြေဆိုရမည် ဖြစ်ပြီး အမှတ်အများဆုံး (၁၀)ဦးအား Certificate ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင် လျှောက်လွှာများကို ၁၈-၇-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ https://forms.office.com/r/TaXfXfqEbe Website တွင် မှတ်ပုံတင်သွင်းရမည် ဖြစ်ပါသည်။