“MPT က “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ် နှင့် Special Flash ပရိုမိုးရှင်း အစီအစဉ်များဖြင့် သီတင်းကျွတ်အခါသမယကို ကြိုဆို”

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သော MPT သည် သီတင်းကျွတ်အခါသမယကို ကြိုဆိုသည့်အနေဖြင့် စက်တင်ဘာလ ၁၉ ရက်မှ အောက်တိုဘာလ ၁၆ ရက် အထိ ကျင်းပလျက်ရှိသော “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ်တွင် Special Flash ပရိုမိုးရှင်းအား ထပ်မံထည့်သွင်းလိုက်ပြီ ဖြစ်သည်။ ယခု Special Flash ပရိုမိုးရှင်းတွင် ပါဝင်ရန်အတွက် MPT သုံးစွဲသူများသည် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၇ ရက် အတွင်း *71010# ကို အခမဲ့ခေါ်ဆိုစာရင်းသွင်းပြီး MPT ၏ Special Days (၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်)များတွင် ၁၀၀% ပြန်အမ်းငွေကို ရရှိနိုင်မည် ဖြစ်သည့်အပြင် MPT Club ပွိုင့် ၂၀၀အထိလည်း ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ်မှ ကျန်ရှိနေသော အလန်းစား ဆုကြီးများဖြစ်သည့် Samsung Z Flip 4 နှင့် ၁ ကျပ်သား ရွှေဒင်္ဂါးပြား ဆုကြီးများကို ကံထူးနိုင်သည့် လက်မှတ်များကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

MPT GSM/WCDMA ကြိုတင်ငွေဖြည့်ကတ် သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်ခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့ဖြင့် အနည်းဆုံးငွေ ကျပ် ၁,၀၀၀ ဖိုး ဖုန်းဘေလ်ဖြည့်သွင်းပြီး “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည် ဖြစ်ပါသည်။ “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့် ကံစမ်းမဲအစီအစဉ်ကို အပတ်စဉ် ကျင်းပလျက်ရှိပြီး MPT သုံးစွဲသူများသည် မိမိတို့ဖုန်းဘေလ်ဖြည့်သည့် ပမာဏပေါ်မူတည်၍ လက်မှတ်အရေအတွက် ရရှိမည်ဖြစ်ပါသည်။ ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားထားခြင်း မရှိသောကြောင့် သုံးစွဲသူများ အနေဖြင့် ဖုန်းဘေလ်ဖြည့်သွင်းမှုများလေ ကံထူးခွင့် လက်မှတ်များ ပိုမိုရရှိလေ ဖြစ်ပါသည်။ ကံထူးခွင့် လက်မှတ်များလေ ကံထူးရှင်ဖြစ်ရန် အခွင့်အရေးပိုမိုများသောကြောင့် MPT သုံးစွဲသူများအား ယခုအခွင့်အရေးကို လက်လွတ်မခံရန် တိုက်တွန်းလိုပါသည်။ “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့် ကံစမ်းမဲအစီအစဉ်နှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များကို http://bitly.ws/uqq5 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပထမအပတ် (စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ)နှင့် ဒုတိယအပတ် (စက်တင်ဘာ ၂၆ရက်မှ အောက်တိုဘာ၂ရက်)နေ့အထိ ကံထူးရှင် (၁၂) ဉီးစာရင်းကို အောက်တွင်ဖော်ပြထားပါသည်။

ပထမအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်ကံထူးဆုများနေရပ်လိပ်စာ
ဉီးရဲမင်းကျော်iPad Mini 6 Wi-Fi (64GB)ဘိုကလေးမြို့
ဉီးဒိလ်မမောက်iPad Mini 6 Wi-Fi (64GB)ရခိုင်ပြည်နယ်
ဉီးကြည်အေးiPad Mini 6 Wi-Fi (64GB)ကျောက်ပန်းတောင်းမြို့
ဉီးကြာလောiPad Mini 6 Wi-Fi (64GB)မိုင်းဆတ်မြို့
ဉီးမျိုးကိုကိုiPad Mini 6 Wi-Fi (64GB)နတ်မောက်မြို့
ဉီးအောင်ချိုဉီးiPad Mini 6 Wi-Fi (64GB)ပုဇွန်တောင်မြို့နယ်

ဒုတိယအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်ကံထူးဆုများနေရပ်လိပ်စာ
ဦးကိုကိုဦးiPhone 13 Pro (128GB)တောင်ဥက္ကလာပမြို့နယ်
ဦးအထွေးiPhone 13 Pro (128GB)စစ်တွေမြို့
ဦးလှိုင်းကိုiPhone 13 Pro (128GB)လားရှိုးမြို့
ဒေါ်အိန္ဒာကျော်iPhone 13 Pro (128GB)ကျိုင်းတုံမြို့
ဒေါ်နွယ်နွယ်ဝင်းiPhone 13 Pro (128GB)ဘောနက်ကြီးရွာ၊ ပဲခူး
ဒေါ်မော်မော်ဝင်းiPhone 13 Pro (128GB)လမ်းမတော်မြို့နယ်

ပထမအပတ်နှင့် ဒုတိယအပတ်အတွက် ထွက်ပေါ်လာသော ကံထူးရှင် (၁၂) ဦး အမည်စာရင်းများကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာခဲ့ပြီး ကံထူးရှင်များအား ၎င်းတို့၏ ကံထူးလက်ဆောင်များထုတ်ယူနိုင်ရန်အတွက် MPT က ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။
အလန်းစားဆုလက်ဆောင်များဖြစ်သည့် Samsung Z Flip (8 GB/ 256 GB ROM) နှင့် ၁ ကျပ်သား ရွှေဒင်္ဂါးပြား ဆုများအား ကံထူးနိုင်သည့် အခွင့်အရေးများ ဆက်လက်ကျန်ရှိနေပြီး MPT အနေဖြင့် တတိယအပတ်နှင့် စတုတ္ထအပတ်အတွက် ကျန်ရှိနေသော ကံထူးရှင် (၁၄) ဦးအား အောက်တိုဘာလ (၁၃) ရက်နှင့် (၂၀) ရက်တို့တွင် အသီးသီးရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအနေဖြင့် ပျော်ရွှင်စွာ ဆုလက်ဆောင်များကို ရရှိခံစားနိုင်ရန် ယခုအစီအစဉ်တွင် ပါဝင်ဆင်နွှဲကြပါရန် တိုက်တွန်းလိုက်ရပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလများအတွင်း သုံးစွဲသူများ အတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယမှာ အားလုံးကျန်းမာရွှင်လမ်းကြစေရန် MPT က ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။