Computer Repair and Maintenance နှင့် Project Planning and Management for Software Development သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Computer Repair and Maintenance သင်တန်းနှင့် Project Planning and Management for Software Development သင်တန်းများ၏ သင်တန်းဆင်းပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ်နှင့်တကွ ဌာနတာဝန်ခံများ၊ ဆရာ/ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၆၄ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းအသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်  သင်တန်းသား/ သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

   Computer Repair and Maintenance နှင့် Project Planning and Management for Software Development သင်တန်းများသည် ၁၆-၉-၂၀၂၄ ရက်နေ့ မှ ၂၀-၉-၂၀၂၄ ရက်နေ့ အထိ ၁ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။