Covid-19 ရောဂါပိုးကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အများ ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ဆောင်ရွက်သည့် Call Center သို့ ခေါ်ဆိုသည့်အခါ အများပြည်သူများ မှတ်သားရလွယ်ကူ စေနိုင်ရေး “2019” နံပါတ်ကို သတ်မှတ်ပေးခဲ့ပြီး မိုဘိုင်းအော်ပရေတာများအားလုံး၏ ဖုန်းများမှ အဆိုပါနံပါတ်သို့ အခမဲ့ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။