Cyber Security Fundamentals ၊ Windows Server Administration I နှင့် Microsoft Office Word 2019 (Online) သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွင်း Cyber Security Fundamentals သင်တန်း၊ Windows Server Administration I သင်တန်း နှင့် Microsoft Office Word 2019 သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၂၁) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုး၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၈၂) ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုးမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် Cyber Security Fundamentals သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်  ပထမဆုရရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးဝင်းမင်းသန့် အားလည်းကောင်း၊ ဒုတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးမင်းခန့်ထွေး အားလည်းကောင်း၊ တတိယဆု ရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးမင်းထက်အောင် အားလည်းကောင်း ထူးချွန်ဆုများ ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး Windows Server Administration I  သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးရဲထက်ခေါင် အားလည်းကောင်း၊ ဒုတိယဆုရရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒေါ်အိမ့်စန္ဒီကေ အားလည်းကောင်း၊ တတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေါ်ဆုသက်မွန် အားလည်းကောင်း ဆုများ အသီးသီးပေးအပ်ခဲ့ပါသည်။ Microsoft Office Word 2019 (Online) သင်တန်းတွင် ပထမဆုရရှိသော စွမ်းအင်ဝန်ကြီးဌာနမှ ဒေါ်သီရီသျှန်၊ ဒုတိယဆုရရှိသော သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဦးအောင်ကောင်းမြတ်၊ တတိယဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးကောင်းထွဋ်ဇော်တို့အား Online မှ တဆင့်ဆုများအသီးသီးကြေညာကာ  သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။