e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆပ်ကော်မတီ၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းဖွင့်လှစ်သည့် Computer Repair & Maintenance Course သင်တန်းဆင်းပွဲ

 

နေပြည်တော်ကောင်စီနယ်မြေရှိ ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ကွန်ပျူတာအခြေခံ၊ Windows  Installation နှင့် ကွန်ပျူတာ Hardware ပြုပြင် ထိန်းသိမ်းခြင်းစသည့် ကွန်ပျူတာစွမ်းဆောင်ရည်များ မြင့်မားစေရန်ရည်ရွယ်၍ e-Government လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆပ်ကော်မတီ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဖွင့်လှစ်သည့်  ဒုတိယအကြိမ် Computer Repair and Maintenance Course သင်တန်းကို နေပြည်တော်၊ ရုံးအမှတ်(၂) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ  ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းကာလ စုစုပေါင်း (၉) ရက် ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရပါသည်။

အဆိုပါသင်တန်းကို နေပြည်တော်ကောင်စီနယ်မြေရှိ ဌာနဆိုင်ရာရုံး (၁၅) ခု တို့မှ   သင်တန်း သား(၄၀)ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။ ယနေ့သင်တန်းဆင်းပွဲတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ဆပ်ကော်မတီ အဖွဲ့ဝင်၊  သင်တန်းကျောင်းကျောင်းအုပ် ဒေါ်ခင်ဆွေဌေးမှ  သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် နေပြည်တော် ကောင်စီနယ်မြေရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအား အခြေခံရုံးသုံးကွန်ပျူတာ ဘာသာရပ်များကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ််မှစ၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးလျှက်ရှိကြောင်း သိရှိရသည်။