Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၃:၂၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၀၀)မိနစ်၊ (၀၈)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁၆) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တွံတေးမြို့၏ မြောက်-အနောက်မြောက်ဘက် (၆)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၇၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။