Eligibility Criteria and Allocation Guidelines for Third Level .mm Domain Name အား ထုတ်ပြန်ကြေညာခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည်ဆက်သွယ်ရေးဥပဒေအခန်း(၇)၊ ပုဒ်မ(၂၁)၊ (၂၂)နှင့် (၂၃)ပါ ပြဋ္ဌာန်းချက်များအရ အီလက်ထရော နစ်လိပ်စာများဖြစ်သည့် Public IP Address၊ Autonomous System (AS) Number နှင့် Domain Name တို့ နှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများအား ဆောင်ရွက်ရန်တာဝန်ရှိသည်နှင့်အညီ မြန်မာနိုင်ငံ၏ .mm Domain Name Registry အဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ မှစတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ သုံးစွဲသူ (Registrant) တစ်ဦးချင်းမှ နိုင်ငံကိုယ်စားပြု .mm Domain Name မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်း လျင်မြန်သွက်လက် စေရန်အတွက် နိုင်ငံတကာလုပ်ငန်းစဉ်များနှင့်အညီ Registrar များအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Yatanarpon Teleport Public Co., Ltd နှင့် Myanmar Technology Gateway Co., Ltd တို့အား ဆောင်ရွက်စေခဲ့ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် Domain Name များအားရောင်းချခြင်းနှင့် မှတ်ပုံတင်စာရင်းများအား ထိန်းသိမ်းခြင်းကို ဆောင်ရွက်သူ (Registrar) များနှင့် Domain Name မှတ်ပုံတင်သူ(Registrant) များမှ Domain Name မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် Guidelines ပါ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရန်အတွက် “Eligibility Criteria and Allocation Guidelines for Third Level .mm Domain Name” အား ထုတ်ပြန်လိုက်ပါသည်။

Registrar များနှင့် Registrant (End User) များအနေဖြင့် .mm Domain မှတ်ပုံတင်လျှောက်ထားခြင်းကိစ္စရပ်များဆောင်ရွက်ရာတွင် “Eligibility Criteria and Allocation Guidelines for Third Level .mm Domain Name”ပါ စည်းကမ်းသတ်မှတ်ချက်များအား အသေးစိတ်ဖတ်ရှုနိုင်ရန်အတွက် အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။