Information Access Center( IAC) သို့ ကိုရီးယားသမ္မတနိုင်ငံ၊ Korea Association of International Development and Cooperation (KAIDEC) မှ ဥက္ကဋ္ဌ Mr. Heejin Lee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်လေ့လာကြည့်ရှု  

နေပြည်တော်၊ နိုဝင်ဘာ ၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် e-Government လုပ်ငန်း စဉ်များအား အထောက်အကူပြုမည့် ဝန်းကျင်ကောင်းများတည်ဆောက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံသားများ ICT အား ကျယ်ပြန့်စွာ အသုံးပြုလာနိုင်ပြီး အသိပညာ၊ ဗဟုသုတများ မြင့်မား လာစေနိုင်ရန် သတင်းအချက်အလက်များ ဖြန့်ဖြူးပေးနိုင်မည့် နေရာဋ္ဌာနဖြစ်သည့် Information Access Center (IAC) အား ကိုရီးယားနိုင်ငံ National Information Security Agency (NIA) ၏ အထောက်အပံ့ဖြင့် ၂၀၁၃ ခုနှစ်တွင် နေပြည်တော်၌ တည်ဆောက်ခဲ့ပြီးဖြစ်ပါသည်။

ထို IAC သို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Association of International Development and Cooperation (KAIDEC) မှ ဥက္ကဋ္ဌ Mr. Heejin Lee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်၍ လေ့လာကြည့်ရှု ဆန်းစစ်ခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့ပါသည်။

Information Access Center တွင် မည်သူမဆို  အင်တာနက်အား အခမဲ့ လာရောက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အစိုးရဌာန/အဖွဲ့အစည်းများမှ e-Government ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချသွားနိုင်ရန်အတွက် သင်တန်းခန်းမအားလည်း ဖွင့်လှစ်ထားရှိပေးပြီး ဖြစ်ရာ အသုံးပြုလိုသော အစိုးရဌာန/အဖွဲ့အစည်းများသည် အောက်ဖေါ်ပြပါ လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Information Access Center (IAC)

e-Government ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊

S12 Exchange အနီး၊ နေပြည်တော်။

ဖုန်း-   ၀၆၇  ၃၄၂၂၄၄၀၊၃၄၂၂၄၁၁

ဖက်စ်- ၀၆၇ ၃၄၂၂၄၄၇