Linux System Administration Course သင်တန်းဖွင့်ပွဲအခမ်းအနား

နိုဝင်ဘာလ (၂၆) ရက်

       ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် ဝန်ကြီးဌာနဝက်ဆိုက်၊ ဒေတာစင်တာ နှင့် ရုံးသုံးပရိုဂရမ်များတွင် အသုံးများသည့် Open Source Linux Operating System Administration Course (ဒုတိယအကြိမ်)သင်တန်း ဖွင့်ပွဲအခမ်းအနားတို့ကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂)တွင် ကျင်းပ ပြုလုပ်ကြောင်း သိရှိရပါသည်။

       Linux System Administration Course (ဒုတိယအကြိမ်) သင်တန်းကို ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း(၁၅)ခုမှ သင်တန်းသား (၃၀) ဦးဖြင့် (၂၆-၁၁-၂၀၁၈)ရက်နေ့မှ (၇-၁၂-၂၀၁၈) ရက်နေ့ အထိ(၁၀) ရက် ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။

      သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကျောင်း၊ ကျောင်းအုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

သန္တာမောင်

သင်တန်းကျောင်း