Microsoft Office 365 Administrator Training နှင့် Microsoft Office 365 End User Training သင်တန်းဖွင့်ပွဲအခမ်းအနား

ဇူလိုင်လ (၃၁) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်းတွင် User Security Groups နှင့် License ထိန်းသိမ်းခြင်း၊ Identity Synchronization AD များ တည်ဆောက်ခြင်း များကို စာတွေ့လက်တွေ့ သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Microsoft Office 365 Administrator Training  သင်တန်းနှင့် Microsoft Office 365 နှင့် သက်ဆိုင်သည့် Email Office Word Excel Team နှင့်  SharePoint တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော Microsoft Office 365 End User Training  သင်တန်း တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ဇူလိုင် (၃၁) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

Microsoft Office 365 Administrator Training (ဒုတိယအကြိမ်) သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၂၆) ခုမှ သင်တန်းသား (၃၉) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၃၁-၇-၂၀၁၉)ရက်နေ့မှ (၁-၈-၂၀၁၉) ရက်နေ့အထိ (၂) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။ Microsoft Office 365 End User Training  (တတိယအကြိမ်) သင်တန်းမှာ (၁)ရက်သင်တန်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၂၈)ခုမှ သင်တန်းသား  (၃၉) ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။     

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

        သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။