MNL ပွဲစဉ်များကို စျေးနှုန်းသက်သာသော “MNL Pack” ဖြင့် MPT IPTV ကတစ်ဆင့် အချိန်မရွေး နေရာမရွေး ကြည့်ရှုနိုင်ပြီ

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်)- မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့် ကတိကဝတ်ထားရှိကာ နိုင်ငံ၏ အနာဂတ်ဖြစ်သော လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ MPT သည် မြန်မာလူငယ်ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်စေရန်သာမက နိုင်ငံကိုယ်စားပြုလူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်ရန်နှင့် အနာဂတ်မျိုးဆက်သစ် လူငယ်များ အားကစားမှတစ်ဆင့် တက်ကြွလှုပ်ရှားမှုရှိသော လူနေမှုဘဝကို ရရှိနိုင်ရေးအတွက် တွန်းအားပေးနိုင်မည် ယုံကြည်ပါသည်။
ယခုအခါ “MNL ပွဲစဉ်များ” ကို ၉၉၉ ကျပ် မှစတင်၍ သက်သာသောနှုန်းထားဖြင့် ကြည့်ရှုနိုင်စေရန် MPT က “MNL Pack” အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပြီး MNL ပွဲစဉ်များ၏ တိုက်ရိုက်ထုတ်လွှင့်မှု၊ မှတ်တမ်းပွဲစဉ် ဗွီဒီယိုများ (ပွဲစဉ်များကို ပြန်လည်ပြသခြင်း၊ highlight ပွဲစဉ်များ၊ Goals Of The Week) နှင့် ဖျော်ဖြေရေးအစီအစဉ်များကို MPT မိုဘိုင်းလ်ကွန်ရက်ဖြင့် MPT IPTV တွင် အချိန်မရွေး နေရာမရွေး ကြည့်ရှုနိုင်ပါသည်။
“MNL Pack” သည် MPT IPTV အသုံးပြုမှုအတွက်သာဖြစ်ပြီး MPT သုံးစွဲသူများအားလုံးသည် ၂၀၂၃ ခုနှစ်၊ မေလ (၂၅) ရက်မှ စတင်ပြီး “MNL Pack” များကို အောက်ပါဇယားအတိုင်း ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

ပက်ကေ့ချ် အမျိုးအစားစျေးနှုန်းဒေတာပမာဏသက်တမ်းစာတို (SMS)Common USSDအက်ပလီကေးရှင်း
MNL Packs၉၉၉ ကျပ်၁,၀၀၀ MB(IPTV အတွက်သာ)(၃) ရက်“MNL1” ကို 1331 သို့ပေးပို့ရန်*2023#MPT4U(သို့)MPT Pay (သို့) အခြား Pay အက်ပလီကေးရှင်းများ
၁,၉၉၉ ကျပ်အကန့်အသတ်မဲ့ (IPTV အတွက်သာ)(၅) ရက်“MNL2” ကို 1331 သို့ပေးပို့ရန်

သုံးစွဲသူများပိုမိုအဆင်ပြေစေရန်ရည်ရွယ်၍ စျေးနှုန်းပိုမိုသက်သာပြီး ဒေတာပမာဏ အကန့်အသတ်မရှိ အသုံးပြုနိုင်သည့် ၄,၉၉၉ ကျပ်သာ ကျသင့်သော “MNL Pack” ပက်ကေ့ချ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်မှစတင်၍ ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်ပြီး သက်တမ်းမှာ ၁၅ ရက်အထိဖြစ်သည်။ ၉၉၉ ကျပ် နှင့် ၁,၉၉၉ ကျပ်အတွက် ပက်ကေ့ချ်များကိုမူ မေလ (၂၅) ရက်မှ စတင်ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။
ပေါင်းစည်းဒေတာများသည် MPT IPTV အသုံးပြုရန်အတွက်သာဖြစ်ပြီး MPT IPTV မှလွဲ၍ အခြားမည်သည့် အသုံးပြုမှုကိုမဆို သက်ဆိုင်ရာဝယ်ယူထားသောဒေတာပက်ကေ့ခ်ျမှ သတ်မှတ်ထားသည့်နှုန်းထားအတိုင်း ကောက်ခံသွားမည် ဖြစ်ပါသည်။
“MPT IPTV” သည် သုံးစွဲရလွယ်ကူသော အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး Android နှင့် iOS အက်ပလီကေးရှင်းနှစ်ခုလုံးတွင် အသုံးပြုနိုင်သည်။ သုံးစွဲသူများအနေဖြင့် MPT IPTV ကို အောက်ပါ နည်းလမ်းများအတိုင်း ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။-
၁။ https://iptv.mpt.com.mm/ (Android ဖုန်းဖြင့် mobile browser အား ဝင်ရောက်ရန်)
၂။ USSD: *7373# သို့ ခေါ်ဆို၍ ရယူနိုင်ခြင်း
၃။ MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) ဝက်ဘ်ဗားရှင်းမှတစ်ဆင့် ဝန်ဆောင်မှု သင်္ကေတများပေါ်တွင် ပြသထားသည့် “MPT IPTV” သင်္ကေတကို နှိပ်ခြင်းဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း
၄။ လိုတရ ဝက်ဘ်ပေါ်တယ်မှ ဒေါင်းလုတ်လုပ်၍ ရယူခြင်း- https://bit.ly/3I3Tnt7
MPT IPTV တွင် ထင်ရှားသော ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းများ၊ တီဗွီရုပ်သံလိုင်းများ အပါအဝင် နာမည်ကြီး ပြည်တွင်း ပြည်ပ ရုပ်ရှင်များ၊ ဒရာမာရှိုးများ၊ မှတ်တမ်းရုပ်ရှင်များနှင့် ကလေးများအတွက် အစီအစဉ်များစွာ ပါဝင်ပါသည်။ သုံးစွဲသူများသည် MPT IPTV မှတစ်ဆင့် အဆိုပါရုပ်သံလိုင်းအစီအစဉ်များကို မိသားစုများ (သို့မဟုတ်) သူငယ်ချင်းများနှင့်အတူ “MNL Pack” ဖြင့် ကြည့်ရှုရင်း စိတ်လှုူပ်ရှားပျော်ရွှင်ဖွယ်အချိန်များကို ခံစားနိုင်မည်ဖြစ်သည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။
MPT IPTV အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber (သို့မဟုတ်) 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။