MPT က စိတ်လှုပ်ရှားဖွယ် Gaming နှင့် Esports ပြိုင်ပွဲ ဖြစ်သည့် GG Fest 2023 ကို Main Sponsor အဖြစ် ပံ့ပိုးကူညီ

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)- မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် GG Gaming & Entertainment (G3E) နှင့် ပူးပေါင်း၍ အမိုက်စား ဂိမ်းများ နှင့် Esports ပြိုင်ပွဲတစ်ခုဖြစ်သည့် GG Fest 2023 ကို Main Sponsor အဖြစ် ပါဝင်ပံ့ပိုးကူညီမည် ဖြစ်ပါသည်။

GG Fest 2023 သည် ဂိမ်းအားကစား၊ ဖျော်ဖြေရေးနှင့် နည်းပညာဗဟုသုတတို့တွင် တစ်ကြိမ်မှမရှိခဲ့ဖူးသေးသော အတွေ့အကြုံကိုပေးရန်အတွက် နှစ်ရက်တာ စည်ကားသိုက်မြိုက်စွာကျင်းပမည့် ပွဲတော်ဖြစ်ပါသည်။ ဧည့်သည်များသည် GG Fest ၏ ဂိမ်းနှင့်အိုင်တီ ဆက်စပ်ပစ္စည်းဆိုင်တန်းများတွင် ဂိမ်းနယ်ပယ်၏ နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းနှင့် ဆန်းသစ်တီထွင်မှုများကို စူးစမ်းလေ့လာနိုင်ပါမည်။ ထို့အပြင် ခမ်းနားသော Gaming Video Creator ဆုပေးပွဲကြီးတွင်လည်း ဂိမ်း content ဖန်တီးသူများကို ဂုဏ်ပြုနိုင်မည်ဖြစ်သည့်အပြင်  ပျော်ရွှင်ဖွယ် cosplay ပွဲအစီအစဉ်များကို စောင့်မျှော်အားပေးရင်း လူငယ်များ၏ ဝါသနာနှင့် တီထွင်ဖန်တီးနိုင်စွမ်း ကို မြင်တွေ့နိုင်မည် ဖြစ်ပါသည်။ ယှဉ်ပြိုင်မှုစိတ်ဓာတ် ပြင်းထန်သူများအနေဖြင့် စိတ်လှုပ်ရှားဖွယ် ဂိမ်းပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်နိုင်မည့်အပြင် သီးသန့်ဂိမ်းကစားကွင်းများတွင်လည်း ဆော့ကစားနိုင်မည် ဖြစ်ပါသည်။ တစ်ချိန်တည်းတွင်ပင် Creators Hub တွင်လည်း အနုပညာနှင့် အခြားနယ်ပယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ခင်းကျင်းပြသထားမည် ဖြစ်ပြီး ဗဟုသုတရနိုင်စရာ ဆွေးနွေးဟောပြောပွဲများတွင် ဝင်ရောက်နားထောင်နိုင်မည့်အပြင် အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် အဖိုးတန်သော အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိနိုင်မည့် အခွင့်အရေးများကိုလည်း ရရှိမည် ဖြစ်ပါသည်။ GG Fest သည် ဂိမ်းကစားခြင်း၏ ရသများ၊ ဖျော်ဖြေရေးအနုပညာနှင့် နည်းပညာလေ့လာလိုက်စားမှုတို့ကို ချီးမြှောက်သည့် အားလုံးပါဝင်ဆင်နွှဲနိုင်သော အတွေ့အကြုံကောင်းတစ်ခု ဖြစ်လာပါမည်။

GG Fest 2023 သည် ဂိမ်းကစားသူများကို ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အားကစားစွမ်းရည်ကို ပြသရန် အကောင်းဆုံး ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးမည့် အွန်လိုင်းနှင့် အော့ဖ်လိုင်း (Offline) ပြိုင်ပွဲများ ရောနှောထားသော စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲတစ်ခုဖြစ်သည်။ အဆိုပါပွဲကို စက်တင်ဘာလ (၁) ရက်မှ နိုဝင်ဘာလ (၅) ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဝါသနာရှင်များအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းပြိုင်ပွဲမျိုးစုံကို ပြသသွားမည် ဖြစ်ပါသည်။

GG Fest 2023 တွင် ထည့်သွင်းထားသည့် ဂိမ်းများမှာ

  • Mobile Legends: Bang Bang (MLBB)
  • PlayerUnknown’s Battlegrounds Mobile (PUBG-M)
  • Dota 2
  • FIFA
  • Valor ant
  • Honor of Kings
  • MLBB Female Tournaments

GG Fest 2023 သည် ဂိမ်းကစားသူများအတွက် ၎င်းတို့၏ ကျွမ်းကျင်မှုစွမ်းရည်များကို ပြသရန်၊ စွမ်းရည်တူသူအချင်းချင်း တစ်ဦးချင်းစီ ယှဉ်ပြိုင်ရန်နှင့် ဂိမ်းအသိုက်အဝန်းအတွင်း ရေရှည်ချိတ်ဆက်မှုများကို ဖန်တီးနိုင်မည့် ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ ပါဝင်သူများသည် စိတ်လှုပ်ရှားဖွယ်ရာဆုများ၊ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုများနှင့် ရင်သပ်ရှုမောဖွယ် ဂိမ်းအတွေ့အကြုံများကို ရရှိနိုင်မည် ဖြစ်ပါသည်။

MPT သည် ထူးခြားသောဂိမ်းပြိုင်ပွဲအစီအစဉ်တွင် MPT booth ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး ရင်ခုန်စရာကောင်းသော Offline အစီအစဉ်ကို နှစ်ရက်ကြာ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကာ သုံးစွဲသူများသည် MPT booth တွင် ပါဝင်မည့် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။ ထို့အပြင် MPT သည် MPT IPTV တွင်လည်း ဂိမ်းပြိုင်ပွဲအတွက် တိုက်ရိုက်ထုတ်လွှင့်မှုများကို တင်ဆက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ အထူး ဆောင်ရွက်မှုသည် MPT သုံးစွဲသူများ ၎င်းတို့နေအိမ်တွင် သက်တောင့်သက်သာရှိစွာဖြင့် Offline ပြိုင်ပွဲ များကို ကြည့်ရှုနိုင်စေရန်နှင့် ၎င်းတို့၏ စိတ်ကြိုက်ကစားသမားများကို အားပေးရန် ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “ကျွန်တော်တို့ GG Gaming & Entertainment (G3E) နဲ့  ပူးပေါင်းပြီး GG Fest 2023 ဂိမ်းပြိုင်ပွဲကို ဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ယနေ့ခေတ်မှာ ဂိမ်းကစားခြင်းက အလွန်ရေပန်းစားလာတာကြောင့် ဒီပူးပေါင်းမှုကတစ်ဆင့် မြန်မာနိုင်ငံရှိ  လူငယ်တွေအတွက် အထောက်အကူ ဖြစ်စေပြီး Esports ကဏ္ဍကိုလည်း မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အွန်လိုင်းဂိမ်းကစားရတာ နှစ်သက်တဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက်လည်း သက်သာတဲ့နှုန်းထားနဲ့ အထူးကမ်းလှမ်းချက်တွေကို ပေးအပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အွန်လိုင်းနှင့် Offline  အစီအစဉ်တွေမှာ ပါဝင်သူတွေအနေနဲ့လည်း စိတ်လှုပ်ရှားဖွယ် အထူးဆုတွေ ဆွတ်ခူးနိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“GG Fest 2023 ဆိုတာ အမြင့်ဆုံးအမှတ်ထက်ကျော်အောင် နည်းဗျူဟာသစ်တွေ အမြဲတွေးထုတ်နေပြီး ဂိမ်းခလုတ်ပျက်မတတ်ကစားတဲ့အထိ စိတ်အားထက်သန်ကြတဲ့ Gamer တွေအားလုံးအတွက်ပါ။ ဂိမ်းကစားရတာကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ဖန်သားပြင်ပေါ်က pixel လေးတွေက ကစားသမားတွေရဲ့ အာရုံကို      ဘယ်လောက်ဆွဲဆောင်နိုင်တယ်ဆိုတာ ကျွန်တော့်ကိုယ်တွေ့ပါပဲ။ ဂိမ်းပိုးလေးဘဝ ကနေ နာမည်ကြီး စတားတစ်ယောက် ဖြစ်လာနိုင်တဲ့နေရာမျိုး၊ အသင်းချင်း နည်းဗျူဟာကျကျ ရင်ဆိုင်တွေ့ကြ တာကို ရုံတင်ဇာတ်ကားကြီးတစ်ကားလို အားပေးတဲ့နေရာမျိုး၊ ဂိမ်းနိုင်ပွဲကို ဂိုးသွင်းလိုက်သလို အားပေးကြတဲ့ နေရာမျိုးကို ကျွန်တော်တို့ဖန်တီးပေးမှာဖြစ်ပါတယ်။ GG Fest ဆိုတာ ဂိမ်းအတွက်ပဲမဟုတ်ဘဲ pixel လေးတွေအပေါ် ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုတွေကဖြစ်လာတဲ့ ခမ်းနားတဲ့ ဇာတ်လမ်းအကြောင်းအရာ တွေကို ပြောပြမယ့် ပွဲကြီးဖြစ်ပါတယ်” ဟု GG Fest စီစဉ်ရေးအဖွဲ့မှပြောကြားပါသည်။

MPT သည် ၂၀၁၈ ခုနှစ်ကတည်းကပင် နိုင်ငံတကာ ဂိမ်းပြိုင်ပွဲများဖြစ်သည့်  Mobile Legends: Bang Bang SEA CUP 2018 MPT Qualifier နှင့် PUBG National Championship 2020 ပြိုင်ပွဲများအပါအဝင် မြန်မာနိုင်ငံ၏ Esports ကဏ္ဍကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT သည်  သုံးစွဲသူများ ပိုမိုကောင်းမွန် သော ဒီဂျစ်တယ် လူနေမှုဘဝကို ရရှိနိုင်စေရန်အတွက် ကမ္ဘာအနှံ့မှ လူကြိုက်များသော မိုဘိုင်းဂိမ်းအချို့နှင့် မိတ်ဖက်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် Esports နှင့် ဖျော်ဖြေရေး ကဏ္ဍများအတွက် ဝန်ဆောင်မှု အသစ်များကို ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရှိ ဂိမ်းကစားသူများအတွက် အကန့်အသတ်မရှိ ဒေတာပက်ကေ့ချ်များ၊ PUBG မိုဘိုင်း ပက်ကေ့ချ်များနှင့် Mobile Legends ဒေတာပက်ကေ့ချ်များကို မိတ်ဆက်ခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT သည် သုံးစွဲသူများအတွက် ဆန်းသစ်၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်ရန် အမြဲတစေ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် GG Gaming & Entertainment (G3E) ၏ ဆိုရှယ်မီဒီယာများတွင် ဖော်ပြပေးသွားမည့် ဂိမ်းပြိုင်ပွဲနှင့်ပတ်သက်သည့် အသစ်သစ်သော သတင်းများနှင့် စာရင်းသွင်းနိုင်မည့် အသေးစိတ်အချက်အလက်များကို စောင့်မျှော်ကြည့်ရှုပေးပါ။