MPT က တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရေရှည်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်) – MPT က ၎င်း၏ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် တစ်ပြိုင်နက်တည်း အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း (၇၀၀) ကျော်တို့ ပူးပေါင်းပါဝင်ကာ ပျိုးပင်ပေါင်း (၁,၄၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြပြီး အဆိုပါ အစီအစဉ်က သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ခိုင်မြဲရေးအပေါ် MPT ၏ မယိမ်းယိုင်သော ကတိကဝတ်ကို ပိုမိုခိုင်မာစေခဲ့ပါသည်။ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများကို နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း နှင့် အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ဆောင်ရွက်ခဲ့ပါသည်။

MPT ၏ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြုလှုပ်ရှားမှုအစီအစဉ် တစ်စိတ်တစ်ပိုင်း အနေဖြင့် နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို စိုက်ပျိုးရာဒေသရှိ အများပြည်သူတို့ အရိပ်ရရှိနိုင်စေရန်၊ လေထုအရည်အသွေး မြှင့်တင်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အပံ့ ဖြစ်စေနိုင်ရန် စသည့် အကျိုးအမြတ်ကောင်းများ ရစေနိုင်ရန် အထူးရည်ရွယ်သည့် ပျိုးပင်အမျိုးအစားများကို  ရွေးချယ် စိုက်ပျိုးခြင်းဖြစ်ပါသည်။အဆိုပါ ဆောင်ရွက်ချက်များကို မြှင့်တင်ပေးခြင်းအပြင် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုအစီအစဉ်သည် ပိုမိုစိမ်းလန်းသောပတ်ဝန်းကျင်ကို မြှင့်တင်ရန်၊ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့များ လျှော့ချခြင်းဖြင့် သဘာဝဘေးအန္တရာယ် များနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျှော့ချရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ MPT သည် ၂၀၁၇ ခုနှစ်မှစတင်ကာ ယနေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် သစ်ပင်ပေါင်း ၂၀,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အဓိပ္ပာယ်ပြည့်ဝသော ပံ့ပိုးကူညီမှုတစ်ခု အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

MPT ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Naoki Shimane က “ကျွန်တော်တို့အနေနဲ့ အမျိုးမျိုးသော လူမှုအကျိုးပြုလှုပ်ရှားမှုတွေကတစ်ဆင့် လူမှုအသိုက်အဝန်းကို နှစ်ပေါင်းများစွာ တက်တက်ကြွကြွပံ့ပိုး ကူညီခဲ့ပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျွန်တော်တို့ရဲ့ လေးနက်တဲ့ ကတိကဝတ်ကို ဖော်ပြနေပါတယ်။ ကျွန်တော်တို့အနေနဲ့ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင် စိုက်ပျိုးခြင်း အစီအစဉ်ကို ဆောင်ရွက်လာတာ အခုဆိုရင် သတ္တမအကြိမ်မြောက်ကို ရောက်ရှိလာပြီ ဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ သစ်ပင်ပေါင်း ၂၀,၀၀၀ ကျော်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုက သစ်ပင်စိုက်ပျိုးခြင်းသက်သက် မဟုတ်ဘဲ ပိုမိုစိမ်းလန်းပြီး ကောင်းမွန်တဲ့ မြန်မာနိုင်ငံ ဖြစ်စေဖို့အတွက် ကျွန်တော်တို့ရဲ့ ရေရှည်မျှော်မှန်းချက်ကို ထင်ဟပ်စေပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်က ရေရှည်တည်တံ့ပြီး ပိုမို ကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ရာမှာ တစ်ဦးချင်းစီ ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ပူးပေါင်းပါဝင်လာစေဖို့အတွက် တိုက်တွန်းနိုင်လိမ့်မယ်လို့မျှော်လင့် မိပါတယ်။” ဟုပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများအပြင် MPT သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၄ နာရီ (၇) ရက်ပတ်လုံး စဉ်ဆက်မပြတ် ပေးအပ်နိုင်ရန် ဆောင်ရွက်နေစဉ်  နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် လိုအပ်သော ပံ့ပိုး ကူညီမှုများအဖြစ် ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် အခြားသောနယ်ပယ်များတွင်လည်း လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

စဉ်တိုင်းဒေသကြီး/ ပြည်နယ်သစ်ပင်စိုက်ပျိုးမည့် နေရာစိုက်ပျိုးသည့် အရေအတွက်
နေပြည်တော်MPT ရုံးဝန်း၊ မြို့ပတ်လမ်း၊ ဒိက္ခိဏသီရိမြို့နယ်၊ နေပြည်တော်
၂၀၀
ကချင်ပြည်နယ်နိဗ္ဗာန်လမ်း၊ ရာဒါကောင်း(အေ)၊ တပ်ကုန်းရပ်ကွက်၊ မြစ်ကြီးနားမြို့၁၀၀
ကရင်ပြည်နယ်လှိုင်းဘွဲ့မိုက္ကရိုရုံး၃၀
တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့သစ်အိတ်ချိန်းဝင်း၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့၂၀
ပဲခူးတိုင်းဒေသကြီး (အရှေ့)နဝရတ်တော်ဝင်သီလရှင်
စာသင်တိုက်၊ ရွှေဂူလေး
ဘုရားလမ်း၊ ဥဿာမြို့သစ်၊ပဲခူးမြို့
၂၀၀
ပဲခူးတိုင်းဒေသကြီး (အနောက်)မင်းကြီးတောင် မိုက္ကရိုဝေ့ ဝင်း၃၀
မကွေး တိုင်းဒေသကြီးမကွေးမြို့၊ ဆက်သွယ်ရေး ဧည့်ရိပ်သာ၁၀၀
မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန် အိတ်ချိန်းဝင်း ၊ မန္တလေး၇၀
မွန်ပြည်နယ်အော်တိုအိတ်ချိန်းဝင်း (မုဒုံမြို့)၇၀
၁၀ရန်ကုန်တိုင်းဒေသကြီးပျဉ်ထောင်ကျောင်း၊ ဂြိုဟ်တုဆက်သွယ်ရေးဝင်း၊ သန်လျင်၄၀၀
၁၁ရှမ်းပြည်နယ်(တောင်)ဝန်ထမ်းအိမ်ရာ၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့၈၀
၁၂ရှမ်းပြည်နယ်(မြောက်)လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ရုံး၇၀
၁၃ရှမ်းပြည်နယ်(အရှေ့)သစ်တစ်ပင်တောင်၊ ရပ်ကွက်(၁)၊ကျိုင်းတုံမြို့၅၀
၁၄ဧရာဝတီတိုင်းဒေသကြီးရုံးပေါင်းစုံလမ်း၊ (၁၃) ရပ်ကွက် မြက်တို ဆက်သွယ်ရေး ရုံးဝန်း၊ မြက်တို၊ ပုသိမ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၅၀

တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် ဆောင်ရွက်ခဲ့သည် MPT ၏ နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးပွဲ မှတ်တမ်း ဓါတ်ပုံများ