MPT က နိုင်ငံတစ်ဝန်းတွင် အသုံးပြုနိုင်သည့် “Melo” Music Streaming ဝန်ဆောင်မှုကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ ၉ ရက်) _ MPT နှင့် Music Industry Development (MID) Company Limited တို့ ပူးပေါင်းဆောင်ရွက်သည့် “Melo” Music Streaming ဝန်ဆောင်မှု မိတ်ဆက်ပွဲ အခမ်းအနားကို Novotel Yangon Max တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ပါသည်။ Melo Music ကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် MPT သုံးစွဲသူများအား စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကျယ်ပြန့်ပြီး အမျိုးအစား စုံလင်သော ဂီတများကို လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT နှင့် Melo Music Streaming တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် MPT ကို စဉ်ဆက်မပြတ်သုံးစွဲသူများအား ထပ်ဆောင်းဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် ကုမ္ပဏီ၏ ကတိကဝတ်ကို ပိုမိုခိုင်မာစေပါသည်။ MID သည် မြန်မာ့ဂီတကို Physical မှ ဒီဂျစ်တယ်စနစ်သို့ အဆင့်မြှင့်တင်ပြီး သုံးစွဲသူများအတွက် မြန်မာဂီတများကို လွယ်ကူစွာ ဝယ်ယူနားဆင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် Melo Music ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ်တွင် မိတ်ဆက်ခဲ့ပါသည်။ “Melo Music” သည် အောင်မြင်ကျော်ကြားလူကြိုက်များခဲ့သော မြန်မာဂီတသံစဉ်များ စုစည်းမှု နှင့် သီးသန့်မူပိုင်ခွင့်ရရှိထားသော သီချင်းကောင်း အပုဒ်ရေ ၁,၅၀၀ ကျော်ကို တစ်နေရာတည်းတွင် နားဆင်နိုင်သည့် တစ်ခုတည်းသော ပြည်တွင်းအက်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ဂီတဝါသနာရှင်များအတွက် လွယ်ကူရိုးရှင်းပြီး ပြီးပြည့်စုံသော ဂီတအတွေ့အကြုံကောင်းများကို ပေးအပ်နိုင်ရန်အတွက် အဆိုပါ ဝန်ဆောင်မှုကို အက်ပလီကေးရှင်း နှင့် ဝက်ဘ်ဆိုက် “melomm.com”  နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားပါသည်။

သုံးစွဲသူများအတွက် Melo Music ၏ ရရှိ‌နိုင်သောဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • တေးသီချင်းပေါင်း ၅,၀၀၀ ကျော်
  • တေးသံရှင်ပေါင်း ၁,၀၀၀ ကျော်
  • သီချင်းအမျိုးအစား ၂၀ ကျော်
  • Music Streaming
  • Music Store
  • Ring tune
  • သုံးစွဲသူများ အဆင်ပြေလွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ခြင်း
  • ဘာသာစကားရွေးချယ်ခြင်း (အင်္ဂလိပ် နှင့် မြန်မာ နှစ်ဘာသာ)
  • အခြားသော စိတ်ဝင်စားဖွယ် လုပ်ဆောင်ချက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း

“Melo” Music Streaming ဝန်ဆောင်မှုကို ပရီမီယံအသုံးပြုသူအဖြစ် MPT ဖြင့် စာရင်းသွင်း ဝယ်ယူသုံးစွဲသူများအတွက် ကြော်ငြာမပါဝင်သည့်အပြင် အသံအရည်အသွေးစိတ်ကြိုက်ရွေးချယ်ပြီး အရည် အသွေးမြင့် အသံစနစ်ဖြင့် နားဆင်နိုင်ခြင်း၊ နေ့စဉ် ဒေါင်းလုတ်ရယူထားပြီး ကိုယ်ပိုင်တေးသီချင်းစာရင်း (Playlists) များဖန်တီးနိုင်ခြင်း၊ My Library သို့ ဝင်ရောက်နိုင်ခြင်း၊ Ring tunes နှင့် podcasts များ ဖန်တီးနိုင်ခြင်း၊ MP3 အသုံးပြုခွင့်နှင့် တစ်နေကုန် အသုံးပြုခွင့်ရရှိနိုင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။

“Melo Music” ဝန်ဆောင်မှုသည် အလိုအလျောက် သက်တမ်းတိုးပေးသော ဝန်ဆောင်မှု ဖြစ်ပြီး သုံးစွဲသူများ အနေဖြင့် မိမိစာရင်းသွင်းရယူထားသော ဝန်ဆောင်မှုအတွက် သက်တမ်းပြည့်သည့်အခါတိုင်း ဖုန်းလက်ကျန်ငွေမှ ဝန်ဆောင်မှုအတွက် ကျသင့်ငွေအားနှုတ်ယူသွားပြီး အလိုအလျောက်သက်တမ်းတိုးသွားမည် ဖြစ်ပါသည်။

ရယူနိုင်သည့် ပက်ကေ့ချ်စျေးနှုန်း (အခွန်အပါအဝင်)SMSUSSDအသုံးပြုနိုင်သည့် သက်တမ်း
Daily ဝန်ဆောင်မှု၉၉ ကျပ်8736 သို့ ON ဟု စာတိုပေးပို့ပါ*2525*48# ဟု နှိပ်၍ ခေါ်ဆိုခြင်း၁ ရက်
Weekly ဝန်ဆောင်မှု၅၉၉ ကျပ်8736 သို့ ONW ဟု စာတိုပေးပို့ပါ မရရှိနိုင်ပါ၇ ရက်
Monthly ဝန်ဆောင်မှု၁,၉၉၉ ကျပ်8736 သို့ ONM ဟု စာတိုပေးပို့ပါ မရရှိနိုင်ပါရက် ၃၀

“Melo Music” Streaming App ကို Android အသုံးပြုသူများအတွက် Google Play Store၊ iOS အသုံးပြုသူများအတွက် App Store တို့တွင် ဒေါင်းလုတ်ရယူနိုင်သည့်အပြင် https://melomm.com/ တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါသည်။ သုံးစွဲသူများသည် မိမိတို့အသုံးပြုသည့် အမျိုးအစားပေါ်မူတည်၍ https://bit.ly/45vdb27 နှင့် https://bit.ly/43rs8QI မှတစ်ဆင့်လည်း အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်ပါသည်။  သုံးစွဲသူများသည် “Melo” Music App သို့ ဝင်ရောက်ပြီး မိမိကိုယ်ပိုင်အကောင့်ဖွင့်ကာ အကြိုက်ဆုံးတေးသီချင်းများကို စတင်ခံစားနားဆင်နိုင်မည် ဖြစ်ပါသည်။ 

MPT-KSGM JO စီးပွားရေးဌာနကြီး ၏  အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “ကျွန်တော်တို့ရဲ့ Melo Music Streaming ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေဆီ ယူဆောင်ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့  တန်ဖိုးထားလေးစားရတဲ့ သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေကို မြှင့်တင်ပေးနိုင်ဖို့ အစဉ်အမြဲ ကြိုးစားလျက်ရှိပြီး MID နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ရဲ့ ကတိကဝတ်အတွက် သက်သေတစ်ခုပဲဖြစ်ပါတယ်။ ဂီတဆိုတာဟာ ချိတ်ဆက်မှု နဲ့ လှုံ့ဆော်ပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေအတွက် ဂီတဝန်ဆောင်မှုကို အရင်ကထက်ပိုပြီး အဆင်ပြေချောမွေ့စွာနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရန် ဆန်းသစ်ပြီး ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ နယ်ပယ်အသီးသီးက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

သုံးစွဲသူများအနေဖြင့် “Melo” Music အကြောင်းကို အသေးစိတ်သိရှိလိုပါက melomm.com (သို့မဟုတ်) MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။