MPT က မြန်မာတေးသီချင်းများကို အချိန်မရွေး၊ နေရာမရွေး နားဆင်ခံစားနိုင်မည့် “Flow” Music Streaming App အသစ်ကိုမိတ်ဆက်ခြင်း

(MPT သုံးစွဲသူများသည် Flow App ကိုအသုံးပြု၍  မြန်မာတေးသီချင်းများကို click တစ်ချက် နှိပ်ရုံဖြင့် တစုတစည်းတည်း စိတ်ကြိုက်ရှာဖွေနားဆင်နိုင်ပါပြီ)

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ ၂၂ ရက်) _ မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် Legacy Music Network Co., Ltd နှင့် ပူးပေါင်း၍ ဂီတချစ်သူများနှင့် ၎င်းတို့၏ အနှစ်သက်ဆုံး မြန်မာတေးသီချင်းများကို တစ်နေရာတည်းတွင် ခံစားနားဆင်နိုင်မည့်  Music Streaming App အသစ် “Flow”  ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

Legacy Music Network Co., Ltd သည် ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာအနုပညာရှင်များ၏ တေးသီချင်းများကို  အွန်လိုင်းနှင့် အော့ဖ်လိုင်း (offline) ခေတ်ပေါ် နည်းပညာများကို အသုံးပြု၍ ဖြန့်ဖြူးပေးပြီး ပြည့်စုံသောဝန်ဆောင်မှုများနှင့်အတူ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ MPT နှင့် Legacy Music Network Co., Ltd တို့၏ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် “Flow” Music Streaming App  သည် အသုံးပြုရ လွယ်ကူရိုးရှင်း၍ စိတ်လှုပ်ရှားဖွယ်ရာ ခံစားမှုများကို အပြည့်အဝပေးစွမ်းနိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်လာပြီး မြန်မာသံစဉ် ဂီတတေးသွားများကို ကမ္ဘာတစ်ဝန်းရှိ မြန်မာတေးသီချင်း ချစ်သူများထံသို့ပါ ရောက်ရှိစေရန် သီးသန့်ဒီဇိုင်းထုတ် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ “Flow” App တွင် တေးသံရှင် ၂,၀၀၀ ကျော်၏ မြန်မာသံ၊ ခေတ်ဟောင်းနှင့် ခေတ်ပေါ်တေးများအပါအဝင် Pop, Rock, Hip-hop အစရှိသည့် တေးသီချင်းအမျိုးအစားများစွာပါဝင်သည့် တေးသီချင်းပေါင်း ၃၀,၀၀၀  ကျော် နှင့် တေးဂီတ ဗွီဒီယိုပေါင်း ၈,၀၀၀ ကျော် ကို ခံစားနားဆင်နိုင်မည် ဖြစ်ပါသည်။

“Flow” Music Streaming App သည် သုံးစွဲသူများ အဆင်ပြေလွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် အင်္ဂလိပ် နှင့် မြန်မာ နှစ်ဘာသာပါရှိပြီး  မိမိကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထို့အပြင် “Flow” တွင် ပရီမီယံအသုံးပြုသူအဖြစ် MPT ဖြင့် စာရင်းသွင်း ဝယ်ယူသုံးစွဲသူများအတွက် ကြော်ငြာမပါဝင်သည့်အပြင် အသံအရည်အသွေးစိတ်ကြိုက်ရွေးချယ်ပြီး အရည်အသွေးမြင့် အသံစနစ်ဖြင့် နားဆင်နိုင်ခြင်း၊ ကိုယ်ပိုင်တေးသီချင်းစာရင်း (Playlists) များဖန်တီးနိုင်ခြင်း၊ အကြိုက်ဆုံး တေးသီချင်းများနှင့် Playlist များကို ဒေါင်းလုတ်ရယူထားပြီး အင်တာနက်အသုံးမပြုဘဲ Offline နားထောင်နိုင်ခြင်းအစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။

Flow ပက်ကေ့ချ်များကို ၉၉ ကျပ်မှစပြီး ၁,၉၉၉ ကျပ်အထိ အောက်ဖော်ပြပါဇယားအတိုင်း ဝယ်ယူနိုင်မည်ဖြစ်ပါသည်။[/vc_column_text]

Flow Table MM

“Flow” Music Streaming App ကို Android အသုံးပြုသူများအတွက် Google Play Store နှင့် iOS အသုံးပြုသူများအတွက် App Store တို့တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။ သုံးစွဲသူများသည် မိမိတို့အသုံးပြုသည့် အမျိုးအစားပေါ်မူတည်၍ https://flow.com.mm  မှတစ်ဆင့် အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်ပါသည်။ ဒေါင်းလုတ်ပြုလုပ်ပြီးသည်နှင့် သုံးစွဲသူများသည် “Flow” App သို့ ဝင်ရောက်ပြီး မိမိကိုယ်ပိုင်အကောင့်ဖွင့်ကာ အကြိုက်ဆုံးတေးသီချင်းများကို စတင်ခံစားနားဆင်နိုင်မည် ဖြစ်ပါသည်။

MPT-KSGM JO စီးပွားရေးဌာနကြီး ၏  အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “သီချင်းနားထောင်ခြင်းဟာ ပျော်ရွှင်မှုကို ခံစားရရှိနိုင်စေသလို စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပြီး စိတ်ကျရောဂါကိုတောင် ကုသမှုတွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်တွေကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ အချိန်မရွေး နေရာမရွေး တေးသီချင်းတွေကို အပန်းဖြေနားဆင်နိုင်စေဖို့အတွက် ဆန်းသစ်တီထွင်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ “Flow” Music Streaming App ကို မိတ်ဆက်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ “Flow” App ကတစ်ဆင့် မြန်မာ့ဂီတရပ်ဝန်း တိုးတက်မှုကို ပံ့ပိုးကူညီနိုင်မှာဖြစ်ပြီး မြန်မာ့ဂီတယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့စင်မြင့်ပေါ်မှာ ဂုဏ်ယူစွာ ပြသနိုင်မှာဖြစ်တဲ့အပြင် ဖျော်ဖြေရေးပွဲတွေအတွက် စိန်ခေါ်မှုတွေကြုံတွေ့နေရချိန်မှာတောင် မြန်မာတေးဂီတ အနုပညာရှင်တွေအနေနဲ့ ၎င်းတို့ရဲ့ ထူးခြားတဲ့ အရည်အသွေးတွေကိုပါ မြှင့်တင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်” ဟု ရင်ခုန်စိတ်လှုပ်ရှားစွာ ပြောကြားခဲ့ပါသည်။

 

ယနေ့ခေတ်မှာ အနုပညာရှင်တွေဟာ သီချင်းတွေဖန်တီးပြီးလို့ ပရိသတ်တွေဆီကို ရောက်အောင်ပို့ချင်ရင် Facebook page၊ YouTube နဲ့ Spotify လို Streaming App တွေကတစ်ဆင့် ဖြန့်ချိရတယ်။ CD ထုတ်ဖို့ဆိုတာ ခုတ်ပေးတဲ့စက်ရုံတွေတောင် တော်တော်ရှာရခက်သွားပါပြီ။ Streaming App တွေကလည်း International App တွေဆိုတော့ မြန်မာသီချင်းတွေ စုံစုံလင်လင်မရှိသလို မြန်မာဘာသာနဲ့ အသုံးပြုလို့မရဘူး။ လစဉ်ကြေးကလည်း ဈေးကြီးတယ်။ ဒါကြောင့် ခေတ်ဟောင်းတေးတွေကအစ ယနေ့ခေတ်သီချင်းတွေအထိ မြန်မာတေးသီချင်းတွေ စုံစုံလင်လင်ပါဝင်ပြီး မြန်မာဘာသာနဲ့ လွယ်လွယ်ကူကူ အသုံးပြုလို့ရမယ်၊ သီချင်းအားလုံးကို အခမဲ့ နားထောင်လို့ရမယ်၊ Offline ဒေါင်းလုတ်ရပြီး အသံအရည်အသွေးပိုကောင်းတဲ့ ပရီမီယံအတွက် လစဉ်ကြေးကလည်း သက်သာမယ့် ဒီ “Flow” Streaming App ကို တင်ဆက်တာဖြစ်ပါတယ်။ Streaming App ဆိုတာ ဖုန်း နဲ့ အင်တာနက်ကို အဓိကအသုံးပြုရတာဖြစ်လို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့် မြန်မာပြည်ရဲ့ အကြီးဆုံးကွန်ရက်ဖြစ်တဲ့ MPT နဲ့ လက်တွဲဖို့ဆုံးဖြတ်ခဲ့တာပါ” လို့ Legacy Music Network Co., Ltd ရဲ့ CEO က ပြောပြခဲ့ပါတယ်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရန် ဆန်းသစ်ပြီး ၎င်းတို့၏ လိုအပ်ချက်နဲ့ ကိုက်ညီသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် နယ်ပယ်အသီးသီးက မိတ်ဖက် အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်လျက်ရွက်ပြီး တစ်နေရာတည်းတွင် ပြီးပြည့်စုံသည့်ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

သုံးစွဲသူများအနေဖြင့် MPT ၏ “Flow” Music Streaming App အကြောင်းကို အသေးစိတ်သိရှိလိုပါက  https://flow.com.mm/  (သို့မဟုတ်) MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

“Flow” App အသုံးပြုပုံ

[/vc_column][/vc_row]
Flow1
Flow 2
Flow 3
Flow 4
Flow 5
Flow6
Flow 7
Flow 8