MPT က သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) ဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) ကို အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများအား မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) ဖြင့်၂၀၁၆ ခုနှစ်မှစတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။
ယခုအခါတွင်‌ အောက်ဖော်ပြပါဇယားရှိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား လက်ရှိ အသုံးပြုနေသည့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) အစား မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) ဖြင့်သာ ဆက်လက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်မှစ၍ ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် ယခင်အော်တိုတယ်လီဖုန်းနံပါတ်များကို အပြီးတိုင် ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူ ချောမွေ့စွာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် အချို့နေရာများတွင်(တပ်ဆင်မည့်လိပ်စာသည် FTTH ကွန်ရက် အတွင်းမှ အလွန်ဝေးကွာသောနေရာတွင်တည်ရှိနေခြင်း) နည်းပညာအခက်အခဲကြောင့် လိုင်းတပ်ဆင်ပေးရန် အဆင်မပြေနိုင်သည့် အခြေအနေများလည်း ရှိနိုင်ပါသည်။
အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ MPT အိတ်ချိန်းရုံးများအပါအဝင် နံပါတ်အဟောင်းမှ အသစ်သို့ပြောင်းလဲသည့် အော်တိုတယ်လီဖုန်းနံပါတ်များ နှင့် သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါဇယားတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နယ်မြေအိတ်ချိန်းပိတ်သိမ်းသွားမည့် ယခင် အော်တိုတယ်လီဖုန်းနံပါတ်အသစ်ပြောင်းလဲသွားမည့် အော်တိုတယ်လီဖုန်းနံပါတ်
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ဖြူးအိတ်ချိန်း၀၅၄-၄၀xxx၀၅၄-၂၈၄၀xxx
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ဝေါအိတ်ချိန်း၀၅၂-၇၅xxx၀၅၂-၂၇၇၅xxx
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)လက်ပံတန်းအိတ်ချိန်း၀၅၃-၃၂xxx၀၅၃-၂၀၃၂xxx
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည်အိတ်ချိန်း၀၅၃-၂၄xxx
၀၅၃-၂၅xxx
၀၅၃-၂၆xxx
၀၅၃-၂၇xxx
၀၅၃-၂၈xxx
၀၅၃-၂၉xxx
၀၅၃-၂၀၂၄xxx
၀၅၃-၂၀၂၅xxx
၀၅၃-၂၀၂၆xxx
၀၅၃-၂၀၂၇xxx
၀၅၃-၂၀၂၈xxx
၀၅၃-၂၀၂၉xxx
ကရင်ပြည်နယ်လှိုင်းဘွဲ့အိတ်ချိန်း၀၅၈-၄၅xxx၀၅၈-၂၀၄၅xxx
မန္တလေးတိုင်းဒေသကြီးပုဂံမြို့သစ်အိတ်ချိန်း၀၆၁-၆၅xxx၀၆၁-၂၄၆၅xxx
ရှမ်းပြည်နယ် (တောင်ပိုင်း)အောင်ပန်းအိတ်ချိန်း၀၈၁-၆၀xxx
၀၈၁-၆၁xxx
၀၈၁-၂၃၆၀xxx
၀၈၁-၂၃၆၁xxx
ရှမ်းပြည်နယ် (တောင်ပိုင်း)နမ့်ဆန်အိတ်ချိန်း၀၈၁-၈၀xxx၀၈၁-၂၃၈၀xxx
ရှမ်းပြည်နယ် (တောင်ပိုင်း)ရွှေညောင်အိတ်ချိန်း၀၈၁-၄၅xxx၀၈၁-၂၃၄၅xxx
ရန်ကုန်တိုင်းဒေသကြီးကော့မှူးအိတ်ချိန်း၀၁-၂၆၄xxx၀၁-၈၂၆၄xxx

သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များကို ရယူလိုပါက အထက်ပါဇယားတွင် ဖော်ပြထားသည့် နီးစပ်ရာ MPT ရုံးများရှိ သက်ဆိုင်ရာအိတ်ချိန်းများတွင် လျှောက်ထားနိုင်ပါသည်။ လိုအပ်သည့်အကူအညီများနှင့် အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက MPT Call Center ၁၀၆ ကို ဆက်သွယ်နိုင်ပါသည်။