(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများအား မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) ဖြင့်၂၀၁၆ ခုနှစ်မှစတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။
ယခုအခါတွင် အောက်ဖော်ပြပါဇယားရှိ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း နှင့် တောင်ပိုင်း) တို့တွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား လက်ရှိ အသုံးပြုနေသည့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) အစား မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) ဖြင့်သာ ဆက်လက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၉) ရက်မှစ၍ ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် ယခင်အော်တိုတယ်လီဖုန်းနံပါတ်များကို အပြီးတိုင် ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူ ချောမွေ့စွာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် အချို့နေရာများတွင် (တပ်ဆင်မည့်လိပ်စာသည် FTTH ကွန်ရက် အတွင်းမှ အလွန်ဝေးကွာသောနေရာတွင် တည်ရှိနေခြင်း) နည်းပညာအခက်အခဲကြောင့် လိုင်းတပ်ဆင်ပေးရန် အဆင်မပြေနိုင်သည့် အခြေအနေများလည်း ရှိနိုင်ပါသည်။ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ MPT အိတ်ချိန်းရုံးများအပါအဝင် နံပါတ်အဟောင်းမှ အသစ်သို့ပြောင်းလဲသည့် အော်တိုတယ်လီဖုန်းနံပါတ်များနှင့် သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါဇယားတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
နယ်မြေ | အိတ်ချိန်း | ပိတ်သိမ်းသွားမည့် ယခင် အော်တိုတယ်လီဖုန်းနံပါတ် | အသစ်ပြောင်းလဲသွားမည့် အော်တိုတယ်လီဖုန်းနံပါတ် |
---|---|---|---|
ဧရာဝတီတိုင်းဒေသကြီး | ဘိုကလေး အိတ်ချိန်း | ၀၄၅-၄၅xxx | ၀၄၅-၂၀၄၅xxx |
မအူပင် အိတ်ချိန်း | ၀၄၅-၃၀xxx | ၀၄၅-၂၀၃၀xxx | |
၀၄၅-၃၁xxx | ၀၄၅-၂၀၃၁xxx | ||
မြောင်းမြ အိတ်ချိန်း | ၀၄၂-၇၀xxx | ၀၄၂-၂၀၇၀xxx | |
၀၄၂-၇၁xxx | ၀၄၂-၂၀၇၁xxx | ||
ငွေဆောင် အိတ်ချိန်း | ၀၄၂-၄၀xxx | ၀၄၂-၂၀၄၀xxx | |
၀၄၂-၄၂xxx | ၀၄၂-၂၀၄၂xxx | ||
၀၄၂-၇၀xxx | ၀၄၂-၂၀၇၀xxx | ||
ညောင်တုန်း အိတ်ချိန်း | ၀၄၆-၂၀xxx | ၀၄၆-၂၂၂၀xxx | |
ဖျာပုံ အိတ်ချိန်း | ၀၄၅-၄၀xxx | ၀၄၅-၂၀၄၀xxx | |
၀၄၅-၄၁xxx | ၀၄၅-၂၀၄၁xxx | ||
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) | ကြို့ပင်ကောက် အိတ်ချိန်း | ၀၅၃-၅၀xxx | ၀၅၃-၂၀၅၀xxx |
၀၅၃-၅၁xxx | ၀၅၃-၂၀၅၁xxx | ||
မကွေးတိုင်းဒေသကြီး | ဂန့်ဂေါ အိတ်ချိန်း | ၀၆၂-၅၀xxx | ၀၆၂-၂၀၅၀xxx |
မန္တလေးတိုင်းဒေသကြီး | ကျပ်ပြင် အိတ်ချိန်း | ၀၈၆-၂၅xxx | ၀၈၆-၂၂၂၅xxx |
မတ္တရာ အိတ်ချိန်း | ၀၂-၇၉xxx | ၀၂-၄၀၇၉xxx | |
မိုးကုတ် အိတ်ချိန်း | ၀၈၆-၂၀xxx | ၀၈၆-၂၂၂၀xxx | |
၀၈၆-၂၁xxx | ၀၈၆-၂၂၂၁xxx | ||
ပျော်ဘွယ် အိတ်ချိန်း | ၀၆၄-၄၈xxx | ၀၆၄-၂၀၄၈xxx | |
၀၆၄-၄၉xxx | ၀၆၄-၂၀၄၉xxx | ||
ရမည်းသင်း အိတ်ချိန်း | ၀၆၄-၄၀xxx | ၀၆၄-၂၀၄၀xxx | |
မွန်ပြည်နယ် | သထုံ အိတ်ချိန်း | ၀၅၇-၄၀xxx | ၀၅၇-၂၀၄၀xxx |
၀၅၇-၄၁xxx | ၀၅၇-၂၀၄၁xxx | ||
နေပြည်တော်ကောင်စီနယ်မြေ | ပျဉ်းမနား အိတ်ချိန်း | ၀၆၇-၂၁xxx | ၀၆၇-၈၀၂၁xxx |
၀၆၇-၂၂xxx | ၀၆၇-၈၀၂၂xxx | ||
၀၆၇-၂၃xxx | ၀၆၇-၈၀၂၃xxx | ||
၀၆၇-၂၄xxx | ၀၆၇-၈၀၂၄xxx | ||
၀၆၇-၂၅xxx | ၀၆၇-၈၀၂၅xxx | ||
၀၆၇-၂၆xxx | ၀၆၇-၈၀၂၆xxx | ||
၀၆၇-၂၇xxx | ၀၆၇-၈၀၂၇xxx | ||
ရှမ်းပြည်နယ် (အရှေ့ပိုင်း) | ကျိုင်းတုံ အိတ်ချိန်း | ၀၈၄-၂၁xxx | ၀၈၄-၂၀၂၁xxx |
၀၈၄-၂၂xxx | ၀၈၄-၂၀၂၂xxx | ||
၀၈၄-၂၃xxx | ၀၈၄-၂၀၂၃xxx | ||
၀၈၄-၂၄xxx | ၀၈၄-၂၀၂၄xxx | ||
တာချီလိတ် အိတ်ချိန်း | ၀၈၄-၅၁xxx | ၀၈၄-၂၀၅၁xxx | |
၀၈၄-၅၂xxx | ၀၈၄-၂၀၅၂xxx | ||
၀၈၄-၅၃xxx | ၀၈၄-၂၀၅၃xxx | ||
ရှမ်းပြည်နယ် (တောင်ပိုင်း) | အေးသာယာ အိတ်ချိန်း | ၀၈၁-၂၀၈xxx | ၀၈၁-၂၂၀၈xxx |
၀၈၁-၂၁၂၇xxx | ၀၈၁-၂၁၂၇xxx | ||
လွိုင်လင် အိတ်ချိန်း | ၀၈၁-၃၁၀xxx | ၀၈၁-၂၃၁၀xxx | |
တနင်္သာရီတိုင်းဒေသကြီး | သရက်ချောင်း အိတ်ချိန်း | ၀၅၉-၃၅xxx | ၀၅၉-၂၀၃၅xxx |
ရန်ကုန်တိုင်းဒေသကြီး | ကွမ်းခြံကုန်း အိတ်ချိန်း | ၀၁-၂၆၅xxx | ၀၁-၈၂၆၅xxx |
တွံတေး အိတ်ချိန်း | ၀၅၅-၅၀xxx | ၀၅၅-၂၀၅၀xxx |
သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များကို ရယူလိုပါက အထက်ပါဇယားတွင် ဖော်ပြထားသည့် နီးစပ်ရာ MPT ရုံးများရှိ သက်ဆိုင်ရာအိတ်ချိန်းများတွင် လျှောက်ထားနိုင်ပါသည်။ လိုအပ်သည့်အကူအညီများနှင့် အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက MPT Call Center ၁၀၆ ကို ဆက်သွယ်နိုင်ပါသည်။