(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်) – MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် MPT ၏ ဝန်ဆောင်မှုများကို ကာလရှည်ကြာစွာ သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် “၁၀ နှစ်ပြည့် အထူးဒေတာ ပက်ကေ့ချ်” နှင့် “၁၀ နှစ်ပြည့် အထူးထိပေါက်ပက်ကေ့ချ်” ကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။
အဆိုပါ အထူးပက်ကေ့ချ်များသည် MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပေးအပ်လျက်ရှိသည့် ပရိုမိုးရှင်း အစီအစဉ် (၁၀) ခုထဲတွင် အပါအဝင် ဖြစ်ပြီး MPT သုံးစွဲသူများအားလုံးသည် (၁,၀၀၀) ကျပ်တည်းဖြင့် ပက်ကေ့ချ်များကို မိမိကြိုက်နှစ်သက်ရာနည်းလမ်းများမှ ဝယ်ယူပြီး အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ အဆိုပါ အထူးပက်ကေ့ချ်များအပြင် သုံးစွဲသူများသည် *5555# သို့ အခမဲ့ ခေါ်ဆိုစာရင်းသွင်းပြီး MPT ၏ လစဉ် Special Flash ပရိုမိုးရှင်း အစီအစဉ်တွင်လည်း ပါဝင်နိုင်ပါသည်။ အစီအစဉ် အသေးစိတ် နှင့်အကျိုးခံစားခွင့်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
ပရိုမိုးရှင်းအမည် | အစီအစဉ်တွင်ပါ၀င်နည်း | အကျိုးခံစားခွင့် | ထပ်ဆောင်းအကျိုးခံစားခွင့် | ပရိုမိုးရှင်းကာလ |
---|---|---|---|---|
အထူးဒေတာ ပက်ကေ့ချ် | မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ပက်ကေ့ချ် ၀ယ်ယူရန် (*0101# ,*106#, MPT4U, etc) | 1000 ကျပ်= 10GB (3 ရက်) | ပက်ကေ့ချ် ဝယ်ယူမှုတိုင်း အတွက် ငွေသားဆုလက်ဆောင် ကံစမ်းခွင့်လက်မှတ် (၅) စောင် | သြဂုတ်လ ၁ ရက်မှ ၇ ရက် |
အထူးထိပေါက်ပက်ကေ့ချ် | မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ပက်ကေ့ချ် ၀ယ်ယူရန် (*0103#,*106#, MPT4U, etc) | 1000 ကျပ်= 400MB (30 ရက်) +1အထူးထိပေါက်ကစားခွင့် | ထိပေါက် ကစားပြီး 10GB အထိ ဒေတာ ကံထူးခွင့် နှင့် ပက်ကေ့ချ် ဝယ်ယူမှုတိုင်း အတွက် ငွေသားဆုလက်ဆောင် ကံစမ်းခွင့်လက်မှတ် (၅) စောင် | သြဂုတ်လ ၈ ရက်မှ ၃၁ ရက် |
Special Flash | *5555# သို့ခေါ်ဆိုစာရင်းသွင်းပြီး ၁,၀၀၀ ကျပ်နှင့် အထက် ဖုန်းငွေဖြည့်ရန် | 10GB အထိဒေတာ+555% အထိပြန်အမ်းငွေ+ MPT Club Points 200 အထိ | စာရင်းသွင်းပြီး ဖုန်းငွေဖြည့်မှုတိုင်း အတွက် ငွေသားဆုလက်ဆောင် ကံစမ်းခွင့်လက်မှတ် (၅) စောင် | စာရင်းသွင်းကာလ- သြဂုတ်လ ၁ ရက်မှ ၂၅ ရက် ပရိုမိုးရှင်းကာလ- သြဂုတ်လ ၅,၁၅,၂၅ ရက် |
ငွေသားဆုလက်ဆောင် ကံစမ်းခွင့်လက်မှတ် (၅) စောင် သည် အထူးဆု ကျပ် သိန်း (၁,၀၀၀)ဆု (၁) ဆု နှင့် လစဉ် ကျပ် သိန်း (၁၀၀) ဆုကို ကံထူးနိုင်မည့် အခွင့်အရေးဖြစ်သည်။
MPT သုံးစွဲသူများသည် အဆိုပါအထူးဒေတာပက်ကေ့ချ်များကို အကြိမ်ရေအကန့်အသတ်မရှိ ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ ပက်ကေ့ချ်များ၏ လက်ကျန်ဒေတာများ ပေါင်းစည်းသွားမည်ဖြစ်ပြီး နောက်ဆုံးဝယ်ယူထားသော ပက်ကေ့ချ်၏ သက်တမ်းအတိုင်း သက်တမ်းတိုး အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် အဆိုပါ ပက်ကေ့ချ်များကို USSD (*106#) နှင့် MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် အခြားသူများသို့ လက်ဆောင်ပေးအပ်နိုင်ပါသည်။
MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော် တို့အနေနဲ့ MPT ဝန်ဆောင်မှုကို ကာလရှည်ကြာစွာ သုံးစွဲတဲ့သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ “(၁၀)နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်” အစီအစဉ်ကို ဇူလိုင်လကစပြီး ဆောင်ရွက်ပေးထားပါတယ်။ ဒီနေ့မှာတော့ နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေအတွက် ထူခြားတဲ့ အကျိုးခံစားခွင့်တွေနဲ့ အတူ ၁,၀၀၀ ကျပ်တည်း နဲ့ 10 GB ဒေတာ ကို ရရှိနိုင်မယ့် “၁၀ နှစ်ပြည့် အထူးဒေတာ ပက်ကေ့ချ်” တွေကို မိတ်ဆက်ပေးခွင့်ရတဲ့အတွက် ဝမ်းမြောက်ကြည်နူးမိပါတယ်။ သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် LTE ကွန်ရက်ကတစ်ဆင့် ဖျော်ဖြေရေး၊ သင်ယူလေ့လာရေး နဲ့ အင်တာနက်အသုံးပြုခြင်းတွေအတွက် ဒေတာအသုံးပြုမှုတွေကို “၁၀ နှစ်ပြည့် အထူးဒေတာ ပက်ကေ့ချ်” နဲ့ဆို စိုးရိမ်ကြောင့်ကြစရာမလိုဘဲ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအထူး အခွင့်အရေးနဲ့အတူ ငွေသားကံစမ်းဆုလက်ဆောင်တွေကို အရယူကြဖို့ တိုက်တွန်းလိုက်ပါရစေ။”
MPT က သုံးစွဲသူများအနေဖြင့် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကျန်ရှိနေသေးသည့် အထူးဆု ကျပ် သိန်း(၁,၀၀၀)ဆု (၁) ဆု နှင့် လစဉ်တိုင်းအတွက် ကျပ် သိန်း (၁၀၀) ဆု (၁၀) ဆု ကံထူးခွင့်ကို ရရှိခံစားနိုင်ရန်အတွက် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်တွင် ပါဝင်ကြရန် တိုက်တွန်း လိုက်ရပါသည်။ အသေးစိတ်အချက်အလက်များကို https://mpt.com.mm/mm/mpt-10th-year-promotion/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဇူလိုင်လအတွက် ကံထူးရှင်များကို MPT ၏ ဆိုရှယ်မီဒီယာများတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝများ ပိုမိုကောင်းမွန်လာစေရန်အတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။