(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် သဘာဝပတ်ဝန်းကျင် ပိုမိုစိမ်းလန်းစိုပြေစေရန် အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၂) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နေရာ (၁၃) ခု ၌ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။
MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်က ကြီးမြန် အရိပ်ရပင်နှင့် သီးပင်များ အပါအဝင် သစ်ပင်ပေါင်း ၁,၅၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြပါသည်။ အဆိုပါ သစ်ပင်များကို ရွေးချယ်ရာတွင် စိုက်ပျိုးရာဒေသရှိ အများပြည်သူတို့ အရိပ်ရရှိနိုင်ရန်၊ လေထုအရည်အသွေး မြှင့်တင်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို အထောက်အပံ့ ဖြစ်စေနိုင်ရန် စသည့် အကျိုအမြတ်ကောင်းများ ရစေနိုင်ရန် အထူးရည်ရွယ်ပြီး ရွေးချယ် စိုက်ပျိုးခြင်းဖြစ်ပါသည်။ သဘာဝဘေးဒဏ်ကို ခံနိုင်ပြီး အကျိုးရှိသော သစ်ပင်များကို စိုက်ပျိုးခြင်းဖြင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများသည် ပတ်ဝန်းကျင်နှင့် လူအများ၏ ကျန်းမာရေးအပေါ်သို့ ကောင်းကျိုးရရှိ နိုင်စေရန်လည်း ရည်ရွယ်ပါသည်။
“စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်ကိုစတင် မိတ်ဆက်ခဲ့သည် အချိန်မှစတင်၍ MPT သည် နိုင်ငံတစ်ဝန်းတွင် သစ်ပင်ပေါင်း ၁၈,၅၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင်အဆိုပါပမာဏ၌ စုစုပေါင်း သစ်ပင်အသစ် ၁,၅၁၈ ကို ထပ်မံပြီးတိုးတက် စိုက်ပျိုး လိုက်နိုင်ခဲ့ပြီလည်း ဖြစ်ပါသည်။ ယခုလို စဉ်ဆက်မပြတ် ဆောင်ရွက်မှုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ချဉ်းကပ်ဆောင်ရွက်မှအပေါ်၌ မိမိတို့၏ အားထုတ်မှုကို မီးမောင်းထိုး ပြနေပါသည်။ ဒေသဆိုင်ရာ ဂေဟစနစ်များ မြှင့်တင်နိုင်ရန် စုပေါင်းကြိုးပမ်းမှုကို ဖော်ပြနေသည့် နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MPT ရုံး (၁၃) ရုံးမှ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်မှုမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။
စဉ် | တိုင်းဒေသကြီးနှင့် ပြည်နယ် | နေရာ | သစ်ပင် အရေအတွက် |
---|---|---|---|
၁ | ကချင် | နာဂမိဘမဲဂေဟာကျောင်းလမ်း ၊ နန်ကွေ့ရပ်ကွက်၊ မြစ်ကြီးနားမြို့ | ၇၀ |
၂ | ကရင် | လှိုင်းဘွဲမိုက္ကရိုရုံး | ၃၀ |
၃ | မွန် | ချောင်းဆုံအိတ်ချိန်း | ၅၀ |
၄ | ရှမ်း (အရှေ့) | သစ်တစ်ပင်တောင်၊ ရပ်ကွက်(၁)၊ကျိုင်းတုံမြို့ | ၁၆၈ |
၅ | ရှမ်း (တောင်) | တောင်ကြီး၊ ဗုဒ္ဓတက္ကသိုလ် | ၅၀ |
၆ | ရှမ်း (မြောက်) | ထင်းရှူးတောင်၊ နယ်မြေ(၇)၊ ရပ်ကွက်(၁)၊ လားရှိုးမြို့ | ၃၀၀ |
၇ | ရန်ကုန် | သုံးခွဘိုးဘွားရိပ်သာ၊ သန်လျင်-သုံးခွ ကားလမ်းမဘေး၊ သုံးခွအနောက်ကျေးရွာ၊ သုံးခွမြို့။ | ၃၀၀ |
၈ | မန္တလေး | ပြည်ကြီးတံခွန် အိတ်ချိန်းဝင်း ၊ မန္တလေး | ၁၀၀ |
၉ | မကွေး | မကွေးမြို့ ဆက်သွယ်ရေးဧည်ရိပ်သာ | ၁၂၀ |
၁၀ | ပဲခူး (အရှေ့) | ဝေဠုဂါမကျောင်း၊ ရှမ်းစုကြီးကုန်းကျေးရွာ၊ မဲခုန်အုပ်စု ပဲခူးမြို့နယ် | ၂၀၀ |
၁၁ | ပဲခူး (အနောက်) | အင်ကြင်းမြောင်(၆)ခန်းတွဲဝန်ထမ်းအိမ်ရာ | ၅၀ |
၁၂ | တနင်္သာရီ | ထားဝယ်မြို့သစ် အိတ်ချိန်းဝင်း၊ ဘုတ်ပြင်းမိုဘိုင်းစခန်းဝင်းနှင့် ပုလောစခန်းဝင်း | ၄၀ |
၁၃ | ဧရာဝတီ | မဟာဗောဓိလမ်း၊ (၈) ရပ်ကွက်၊ နံ့သာကုန်း ဆက်သွယ်ရေးဝန်ထမ်းအိမ်ရာဝန်း၊ ပုသိမ်မြို့ | ၁၀၀ |
စုစုပေါင်း | ၁,၅၁၈ |
နောင်အနာဂတ်တွင်လည်း MPT သည် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” ဆိုသည့် ကတိကဝတ်အတိုင်း မြန်မာနိုင်ငံ အတွင်း ပိုမိုစိမ်းလန်းပြီး ရေရှည်တည်တံ့သည့် သဘာဝပတ်ဝန်းကျင်ကို အထောက်အပံ့ဖြစ်စေနိုင်မည့် လုပ်ဆောင်ချက်များကို အစဉ်တစိုက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ MPT ၏ လက်ရှိ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှုနှင့် အနာဂတ်မျိုးဆက်သစ် များအတွက် ပိုမိုကောင်းမွန်သောကမ္ဘာတစ်ခု ဖန်တီးလိုသည့် ဆန္ဒများကို ထပ်ဟပ်စေပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT ၏နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားမှတ်တမ်း ဓါတ်ပုံများ
![Kachin_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132440/Kachin_1.jpg)
![Kachin](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132449/Kachin-1.jpg)
![Kayin](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132445/Kayin.jpg)
![Kayin_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132441/Kayin_1.jpg)
![Mon_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132518/Mon_1.jpg)
![Mon](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132519/Mon-1.jpg)
![SHan East_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132451/SHan-East_1.jpg)
![Shan East](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132453/Shan-East.jpg)
![Shan South](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132508/Shan-South.jpg)
![Shan South_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132514/Shan-South_1.jpg)
![Shan North](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132516/Shan-North.jpg)
![Shan North_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132523/Shan-North_1.jpg)
![Bago East_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132521/Bago-East_1.jpg)
![Bago East](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132525/Bago-East.jpg)
![Bago West](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132500/Bago-West-scaled.jpg)
![Bago West_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132455/Bago-West_1.jpg)
![Magway_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132446/Magway_1-rotated.jpg)
![Magway](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132447/Magway-rotated.jpg)
![TNY_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132512/TNY_1.jpg)
![TNY](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132438/TNY.jpg)
![AYA](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132506/AYA-1.jpg)
![AYA_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132510/AYA_1.jpg)
![MDY_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132502/MDY_1.jpg)
![MDY](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132504/MDY-1.jpg)
![YGN_1](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24132443/YGN_1.jpg)
![YGN](https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2024/06/24133642/YGN-1.jpg)