MPT မှ “ကမ္ဘာ့ဖလားဘောလုံး” အထူးပက်ကေ့ချ်အား မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်) – မြန်မာဘောလုံးချစ်သူများအတွက် FIFA World Cup 2022 တိုက်ရိုက်ပွဲစဥ်များကို သက်သာသောနှုန်းဖြင့် ကြည့်ရှုနိုင်ရန် “ကမ္ဘာ့ဖလားဘောလုံး” အထူးပက်ကေ့ချ်အား MPT မှ မိတ်ဆက်လိုက်ပါသည်။ FIFA World Cup 2022 ပွဲစဥ်များကို MPT IPTV မှတစ်ဆင့် စာရင်းသွင်းခပေးစရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်အောင် စီစဥ်ဆောင်ရွက်ပေးထားပါသည်။

“ကမ္ဘာ့ဖလားဘောလုံး” အထူးပက်ကေ့ချ်အား MPT IPTV ဝန်ဆောင်မှုအတွက်သာ သီးသန့်ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခုပက်ကေ့ချ်အား နိုဝင်ဘာလ (၁၉) ရက်နေ့မှစ၍ ကြေညာချက်ထပ်မံ မထုတ်ပြန်ခင် အချိန်အထိ MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) MPT Pay အက်ပလီကေးရှင်း (သို့မဟုတ်) USSD code *2022# သို့ ခေါ်ဆိုဝယ်ယူရှိနိုင်ပါသည်။

မြန်မာဘောလုံးချစ်သူများ သုံးစွဲရလွယ်ကူအဆင်ပြေစေရန်နှင့် ကုန်ကျစရိတ်ပိုမိုသက်သာမှုရှိစေရန် အတွက် “ကမ္ဘာ့ဖလားဘောလုံး” အထူးပက်ကေ့ချ်အား အမျိုးအစား (၃) မျိုးထုတ်လုပ်ထားပြီး MPT IPTV သုံးစွဲသူများ အနေနှင့် မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော အမျိုးအစားအား ရွေးချယ်ဝယ်ယူနိုင်ပါသည်။
ရွေးချယ်ဝယ်ယူနိုင်သော အမျိုးအစားများမှာ_

အမျိုးအစား
(ကုန်သွယ်ခွန်
ပါဝင်ပြီး)
စျေးနှုန်းဒေတာသက်တမ်းစာတို
(SMS)
တိုက်ရိုက် USSDအက်ပလီကေးရှင်း
ကမ္ဘာ့ဖလား
ဘောလုံး ၉၉၉
၉၉၉ ကျပ်1,000 MB၃ ရက်စာတိုSMS WC1 အား 1331 သို့ပို့ပါ*2022*1#MPT4U
(or)
MPT Pay
ကမ္ဘာ့ဖလား
ဘောလုံး ၁၉၉၉
၁,၉၉၉ကျပ်3,000 MB၇ ရက်စာတိုSMS WC2 အား 1331 သို့ပို့ပါ*2022*2#
ကမ္ဘာ့ဖလား
ဘောလုံး ၄၉၉၉
၄,၉၉၉ကျပ်အကန့်အသတ်မရှိ၁၅ ရက်စာတိုSMS WC3 အား 1331 သို့ပို့ပါ*2022*3#

***MPT IPTV ဝန်ဆောင်မှု အတွက်သာ
ထို့အပြင် MPT မှ သုံးစွဲသူများအတွက် အခြားစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ရာအစီအစဥ်များကို FIFA World Cup 2022 နှင့် အတူယူဆောင်လာမည်ဖြစ်သောကြောင့် MPT မှ ထုတ်ပြန်ချက်များကို ဆက်လက်စောင့်ကြည့်ပေးရန် တိုက်တွန်းလိုပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။
MPT IPTV အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Tu Tu Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။