MPT ရဲ့ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဥ် မှာပါဝင်ပြီး ကျပ်ငွေ သိန်း (၁၀၀၀) ကျော် အထူးဆုကြီး နှင့် လစဥ်သိန်း (၁၀၀) ကျော်ဆုများ  ကံထူးရရှိနိုင်

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်) –  MPT က သုံးစွဲသူများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများကို ယူဆောင်ပေးရန် နှင့် မကြာမီ ကျရောက်လာမည့် MPT နှင့် ယင်း၏ဂျပန်နိုင်ငံမှ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KDDI ကော်ပိုရေးရှင်းနှင့် Sumitomo ကော်ပိုရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် သို့ရောက်ရှိခြင်းကို ကြိုဆိုသည့်အနေဖြင့် အံ့သြဖွယ် ကောင်းသည့်ဆုများ အပါအဝင် များပြားလှသော ငွေသားဆုများ ပါဝင်သည့် စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်း အစီအစဉ်များကို စတင်မိတ်ဆက်လိုက်ပါသည်။ MPT ၏ ဝန်ဆောင်မှုများကို ကာလရှည်ကြာစွာ အစဉ်တစိုက်သုံးစွဲနေသည့် ပြည်သူများကို ကျေးဇူးပြန်လည်တုံ့ပြန် သည့် အနေဖြင့် “(၁၀)နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်” အစီအစဉ်ကို ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ပါသည်။ စုစုပေါင်း ဆုငွေတန်ဖိုးမှာ ကျပ်သိန်း (၄၀၀၀) ဖြစ်ပြီး အထူးဆု ကျပ် သိန်း(၁,၀၀၀)ဆုရှင် ၁ ဦး နှင့် လစဥ်ကျပ် သိန်း (၁၀၀) ဆုရှင် ၁၀ ဦးကို ရွေးချယ်သွားမည်ဖြစ်ပါသည်။

ယခုကံစမ်းမဲ အစီအစဥ်တွင် MPT သုံးစွဲသူများအားလုံး ပါဝင်နိုင်ပြီး သုံးစွဲသူများအနေဖြင့် မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသဖြင့်) ဝယ်ယူသည့်အခါ ကံစမ်းမဲလက်မှတ်များ ရရှိမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များများ ဝယ်ယူခြင်း အားဖြင့် ကံထူးနိုင်သည့် လက်မှတ်များများ ရရှိနိုင်မည်ဖြစ်ပါသည်။ ကံထူးရှင်များစာရင်းကို လစဥ် တိုင်း ၏ ပထမပတ်တွင် MPT ၏ တရားဝင်ဝက်ဘ်ဆိုက် နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ထို့အပြင် သုံးစွဲသူများအနေဖြင့် MPT ၏ လစဥ်  Special Flash ပရိုမိုးရှင်း အစီအစဥ်တွင် ပါ၀င်ခြင်းဖြင့်လည်း ယခုကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပါသည်။ သုံးစွဲသူသည် *5555# သို့ အခမဲ့ခေါ်ဆိုစာရင်းသွင်းပြီး Special Flash အစီအစဥ်တွင် ပါဝင်ခြင်းအားဖြင့် လစဥ် လတိုင်း၏ ၅ ရက်၊ ၁၅ရက် နှင့် ၂၅ ရက်တွင် 10GB အထိဒေတာ၊ 555% အထိ ငွေသားပြန်အမ်းငွေ၊ ငွေသားဆုလက်ဆောင် ကံစမ်းခွင့်လက်မှတ် ၅ စောင် နှင့် MPT Club points ၂၀၀ အထိရရှိကံထူးနိုင်သည့် အထူးအခွင့်အရေးများ ရရှိမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို MPT ၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် တူတူ Chatbot http://ob4.cn/2Yaw3s တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT-KSGM Joint Operations ၏ ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က, “ ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ ၂၀၁၄ ခုနှစ်က စတင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ (၁၀)နှစ်ပြည့်အထိမ်းအမှတ်မှာ သုံးစွဲသူတွေအတွက် မမေ့နိုင်တဲ့ အမှတ်တရတွေ ပေးအပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူ သန်း၂၀ရဲ့ ဘဝကို ကြီးကြီးမားမား ပြောင်းလဲစေနိုင်မယ့် ဆုကြီးတွေ ပေးအပ်နိုင်ဖို့အတွက်လည်း စိတ်လှုပ်ရှားနေမိပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျွန်တော်တို့အပေါ်မှာ ယုံကြည်မှုူအပြည့်နဲ့ ထောက်ပံ့ပေးတဲ့ သုံးစွဲသူတွေအားလုံး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီး တော့လည်း ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။ MPT ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ် ပရိုမိုးရှင်းအစီအစဉ်မှာ ပါဝင်ဆင်နွှဲပြီး ကံထူးဆုလက်ဆောင်တွေ အရယူကြဖို့လည်း တိုက်တွန်း လိုက်ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် ၁၀ နှစ်တာကလအတွင်း MPT အနေဖြင့် “ရှေ့သို့လှမ်းချီ မြန်မာပြည်”ဟူသည့် ကတိကဝတ်နှင့်အညီ အများပြည်သူ၏ နေ့စဥ်လူနေမှုဘဝကို ပိုမိုကောင်းမွန်လာစေရန်အတွက် ဆန်းသစ်သော ထုတ်ကုန်နှင့် ထူးခြား ကောင်းမွန်သော ဝန်ဆောင်မှုများကို စဥ် ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။ တာဝန်သိလူမှုအကျိုးပြု လုပ်ငန်း များကို အဓိက တန်ဖိုးထားသတ်မှတ်ချက် ၃ ခုဖြစ်သည့် ချိတ်ဆက်နိုင်မှု၊ ဆန်းသစ်တီထွင်မှု နှင့် ထူးခြား ကောင်းမွန်မှု တို့နှင့်အညီ စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်အထိ စဥ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ MPT အနေဖြင့် ဝေးလံသောကျေးလက်နှင့် မြို့ပြဒေသများ အပါအဝင် မြန်မာနိုင်ငံလူဦးရေ၏ ၉၆% ကျော်ကို ကွန်ရက်လွှမ်းခြုံထားပါသည်။ ထိပ်တန်းဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT အနေဖြင့် စဥ် ဆက်မပြတ် တိုးတက်လျက်ရှိသော သုံးစွဲသူ သန်း၂၀ကျော်သို့ ဝန်ဆောင်မှုများကို အမြဲတစေ ပေးအပ်လျက် ရှိပါသည်။ ထို့အပြင် မြို့နယ်ပေါင်း ၃၀၀ ကျော်အား မြန်နှုန်းမြှင့် LTE+ ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပြီးဖြစ်ပါသည်။

MPT အနေဖြင့် မကြာသေးမီကာလဖြစ်သည့်  မေလအစောပိုင်းတွင် eSIM ဝန်ဆောင်မှုကို သုံးစွဲသူများ အတွက် မိတ်ဆက်ပေးခဲ့ကာ 5G ကွန်ရက် စမ်းသပ်ခြင်းကိုလည်း ဇွန်လတွင် ဆောင်ရွက်ခဲ့ပါသည်။

တာဝန်သိ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် တာဝန်သိလူမှုအကျိုးပြုလုပ်ငန်း များကို ပညာရေး၊ ကျန်မားရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေး လုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် ဗဟိုပြု ဆောင်ရွက်နေသည့်အပြင် မတူညီသည့် ကဏ္ဍအသီးသီးသို့ အထောက်အပံပြုခြင်းများဖြစ်သည့် စုပေါင်း သွေးလှူဒါန်းမှုများ၊ နိုင်ငံတစ်ဝန်းလှူဒါန်းထောက်ပံ့မှုများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အထောက် အပံ့များဖြစ်သည့် ဆိုင်ကလုန်းမိုခါ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း နှင့် ရေဘေးဒဏ်ခံစား ခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)အတွက် ထောက်ပံ့ပေးအပ်ခြင်းများစသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။ MPT အနေဖြင့် လူငယ်များအား ဦးတည်၍  ပညာရေး၊ ကျန်မားရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေး လုပ်ငန်းငယ် စသည့် ကဏ္ဍများတွင် ယခုအချိန်ထိ ကျပ်ငွေ ၂၆ ဘီလီယံကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။