MPT သုံးစွဲသူများအနေဖြင့် အထူးဆုကြီးများကို အလန်းစား Friday အစီအစဉ်မှ ကံထူးနိုင်

(MPT သုံးစွဲသူများ အဆိုပါကံစမ်းမဲအစီအစဉ်တွင် ပါဝင်ဆင်နွှဲခြင်းဖြင့် iPad Air 5, Apple Watch Series 7 နှင့် Beats Fit Pro များကို ကံထူးနိုင်ပါသည်၊၊)

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်မှ စက်တင်ဘာလ (၂၃) ရက်အထိ MPT သုံးစွဲသူတိုင်း စုစုပေါင်း သိန်း (၄၀၀) ကျပ်တန်ဖိုးရှိ စိတ်လှုပ်ရှားဖွယ်ရာ ဆုကြီးများ ကံထူးနိုင်မည့် “အလန်းစား ဆု_ အလန်းစား Friday” ကံစမ်းမဲအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်၊၊

အဆိုပါ အစီအစဉ်တွင် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် MPT သုံးစွဲသူများအနေဖြင့် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါသည်။

အဆင့် ၁။ MPT မှ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သည့် “အလန်းစား Friday” ပရိုမိုးရှင်း ပက်ကေ့ချ် (Data Carry Plus ပက်ကေ့ချ်များကို MPT4U အက်ပလီကေးရှင်း (သို့) *777# ကို ခေါ်ဆို၍ (သို့) MPT Pay အက်ပလီကေးရှင်း) ကို ဝယ်ယူပါ။

အဆင့် ၂။ MPT မှ ဝယ်ယူပြီးမြောက်ကြောင်း ပေးပို့ထားသော စာတို (SMS) ကို Screenshot (ဓာတ်ပုံ) ရိုက်ပါ။

အဆင့် ၃။ ရရှိလာသော Screenshot (ဓာတ်ပုံ) အား Pinned လုပ်ထားသော “အလန်းစား Friday” ​Facebook ပို့စ်အောက်တွင် Comment (မှတ်ချက်) ပေးပို့ပါ။

အဆင့် ၄။ Screenshot (ဓာတ်ပုံ) ပေးပို့ရာတွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မပေါက်ကြားစေရန် ဖုန်းနံပါတ်၏ နောက်ဆုံး (၃) လုံးကို ဖျက်၍ ပေးပို့ပါ။

ကံစမ်းမဲအစီအစဉ်ကာလတစ်လျှောက်လုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ Screenshot (ဓာတ်ပုံ) များမှ ကံထူးရှင်စုစုပေါင်း (၂၅) ဦးကို MPT က ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်များ ကို အပတ်စဉ်တိုင်း ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်၊၊ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို https://www.mpt.com.mm/mm/a-lann-sar-friday-lucky-draw-terms-and-condit… တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်၊၊

MPT သုံးစွဲသူများသည် ယခု ကံစမ်းမဲ ဒီဂျစ်တယ်ကမ်ပိန်း အစီအစဉ်တွင် အောက်ဖော်ပြပါ ကံထူးဆုများကို ရရှိ ကံထူးနိုင်မည် ဖြစ်သည်၊၊

ကံထူးရှင်ရွေးချယ်ခြင်းကံထူးဆုများဆုအရေအတွက်ကံထူးရှင်အရေအတွက်
အပတ်စဉ်iPad Air 5 (64GB)ကံထူးရှင်စုစုပေါင်း (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်မှ စက်တင်ဘာလ ၂၃ ရက်အထိ)- (၂၅) ဦး
Apple Watch Series 7
Beats Fit Pro

*သက်ဆိုင်ရာ အပတ်စဉ်ကံထူးရှင်များကို ဗုဒ္ဓဟူးနေ့တိုင်း MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာပေးသွားမည် ဖြစ်ပါသည်၊၊

အဆိုပါ ကံထူးဆုများအပြင် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် “အလန်းစား Friday” ပက်ကေ့ချ်များကို ဝယ်ယူအသုံးပြုသူများသည် ထိပေါက်ကစားခြင်းဖြင့် 200GB အထိ ကံထူးခွင့်နှင့် သောကြာနေ့အထူးဘောနပ်စ် အဖြစ် ပြန်အမ်းငွေ ၅၅၅ ကျပ်တို့ကို ရရှိနိုင်မည်ဖြစ်ပါသည်၊၊

MPT သုံးစွဲသူများသည် သောကြာနေ့တိုင်း “အလန်းစား Friday” ပက်ကေ့ချ်ကို အကြိမ်များစွာ ဝယ်ယူနိုင်သည့်အပြင် “ အလန်းစားဆု အလန်းစား Friday” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် များများဝယ်ယူလေလေ ၊ ဆုလက်ဆောင်များကံထူးရန် အခွင့်အရေး ပိုမိုများပြားလေလေ ဖြစ်ပါသည်၊၊

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလများအတွင်း သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။