MPT သုံးစွဲသူများအနေဖြင့် “အလန်းစား Friday” ဒီဂျစ်တယ် ကံစမ်းမဲ အစီအစဥ်တွင် ပါဝင်ပြီး realme10 ဖုန်းဟန်းဆက်များ ရရှိကံထူးနိုင်ပြီ

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်) – MPT က မြန်မာနှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် “အလန်းစား Friday” ဒီဂျစ်တယ် ကံစမ်းမဲအစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကာ ယခုအစီအစဉ်တွင် ဆုအဖြစ် “realme 10” ဖုန်းဟန်းဆက်များ ပေးအပ်သွားမည်ဖြစ်ပြီး ကံစမ်းမဲကာလအတွင်း ၉၇၉ ကျပ်နှင့်အထက် “အလန်းစား Friday” ပက်ကေ့ချ်အား မည်သည့်နည်းလမ်းဖြင့်မဆို (MPT4U၊ USSD code *777# ၊ *106# MPT Pay နှင့် အခြားသော payment apps တို့မှ) သောကြာနေ့တိုင်း ဝယ်ယူရုံဖြင့် ပါဝင်နိုင်မည်ဖြစ်ပါသည်။
ကံစမ်းမဲ အစီအစဉ်ကာလတစ်ခုလုံးတွင် စုစုပေါင်း “realme 10” ဖုန်းဟန်းဆက် (၁၀) လုံးကို ပေးအပ်သွားမည် ဖြစ်ပြီး ကံစမ်းမဲကာလမှာ မတ်လ (၁၇) ရက်မှ ဧပရယ်လ (၇) ရက်နေ့ အထိ ဖြစ်ပါသည်။
MPT အနေဖြင့် အလန်းစား Friday ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်သူများ၏ screen shot များကို အပတ်စဥ် ကောက်ယူသွားမည်ဖြစ်ပြီး ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပါသည်။ ကံထူးခွင့်ပိုမိုရရှိစေရန်အတွက် သုံးစွဲသူများ အနေဖြင့် များများဝယ်ယူ ကံစမ်းကြပါရန် တိုက်တွန်းလိုက်ပါသည်။
ယခုကံစမ်းမဲအစီအစဉ်တွင် ပါဝင်ရန်အတွက် အောက်တွင်ဖော်ပြထားသော အဆင့်များအတိုင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။
အဆင့် (၁): MPT မှ အပတ်စဥ် သောကြာနေ့တိုင်းပြုလုပ်သည့် အလန်းစား Friday ပက်ကေ့ချ် (Data Carry Plus အား MPT4U App (သို့) *777# ကိုခေါ်ဆိုခြင်း ၊ *106#(သို့) MPT Pay App (သို့) အခြားသော payment apps) တို့မှ ဝယ်ယူပါ။
အဆင့် (၂): MPT မှ ဝယ်ယူပြီးမြောက်ကြောင်း ပေးပို့ထားသော SMS (စာတို) သို့ App notification ကို screenshot (ဓာတ်ပုံ) ရိုက်ပါ။
အဆင့် (၃): ရရှိလာသော screenshot (ဓာတ်ပုံ) အား MPT ၏ တရားဝင် Facebook စာမျက်နှာရှိ အလန်းစား Friday ပို့စ်အောက်တွင် ကွန်မန့် (မှတ်ချက်) လာရောက် ပေးပို့ပါ။ screenshot (ဓာတ်ပုံ) ပေးပို့ရာတွင် မိမိ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ မပေါက်ကြားစေရန် ဖုန်းနံပါတ်၏ နောက်ဆုံး(၃)လုံးကို ဖျက်၍ပေးပို့ပါ။

MPT မှ ကံစမ်းမဲကာလအတွင်း ကံထူးရှင် ၁၀ ယောက်ကို ပါဝင်သူများ၏ screenshot များထဲမှ အပတ်စဉ်ရွေးချယ်သွားမည် ဖြစ်ပါသည်။စည်းမျဥ်းစည်းကမ်းများကို ဤလင့်ခ် <https://mpt.com.mm/en/a-lann-sar-friday-promotion/&gt; တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
MPT သုံးစွဲသူများအားလုံးအနေဖြင့် ကံစမ်းမဲအစီစဉ်ကာလအတွင်း ဆုလက်ဆောင်များကို အောက်ပါ ဇယား အတိုင်း ရရှိ ကံထူးနိုင်မည်ဖြစ်ပါသည်။

ကာလဆုများအရေအတွက်
ပထမအပတ်realme 10၂ လုံး
ဒုတိယအပတ်realme 10၂ လုံး
တတိယအပတ်realme 10၃ လုံး
စတုတ္ထအပတ်realme 10၃ လုံး
စုစုပေါင်း၁၀ လုံး

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များကို ဆက်လက် ယူဆောင် လာမည်ဖြစ်သောကြောင့် MPT နှင့်အတူဆက်ရှိနေရန် သုံးစွဲအားလုံးကို တိုက်တွန်းလိုပါသည်။ MPT အနေဖြင့် သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။
MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။