MPT သုံးစွဲသူ မိဘပြည်သူများသို့ အသိပေးအကြောင်းကြားခြင်း

ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုများကြောင့် အင်တာနက်ဒေတာ အသုံးပြုမှု အမြန်နှုန်း အနည်းငယ်ကျဆင်းလျက် ရှိပါသည်။ သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့အနေဖြင့် နဂိုအတိုင်း ပြန်လည်ကောင်းမွန်စေရန်အတွက် ပြင်ဆင်မှုများကို အမြန်ဆုံးကြိုးပမ်းလုပ်ဆောင်နေပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။