National Internet Exchange Point (IXP) တည်ထောင်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ အသိပေးခြင်း

 

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Internet Service Provider (ISP) များ ပိုမိုများပြားလာသည်နှင့်အမျှ Local Traffic များကို International Route သို့ မရောက်စေဘဲ ပြည်တွင်း၌သာ ချိတ်ဆက်အသုံးပြုနိုင်စေခြင်းဖြင့် International Bandwidth သုံးစွဲမှုများ ပိုမိုလျော့ကျနိုင်စေရေးအတွက် National Internet Exchange Point (IXP) တစ်ခုအား တည်ထောင်သွားမည်ဖြစ်ပါသည်။ Internet Service Provider (ISP) များ မှလည်း မိမိတို့၏အစီအစဉ်ဖြင့် Internet Exchange Point (IXP) တစ်ခု ဖွဲ့စည်းတည်ထောင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဝန်ကြီးဌာနအနေဖြင့် စနစ်ကျ၍ ရေရှည်တည်တံ့သော National Internet Exchange Point (IXP) တစ်ခု ဖြစ်စေရန်အတွက် IXP အား ဝန်ကြီးဌာနမှ ဦးဆောင်၍ ကုန်ကျစရိတ်ကို Member များမှ အချိုးကျ ခွဲဝေကျခံမည့် အကျိုးအမြတ်ရယူခြင်း မရှိသော အဖွဲ့အစည်း (Non-Profit Organization) ပုံစံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အများပြည်သူသဘောထားမှတ်ချက်တောင်းခံနိုင်ရေး (Public Consultation)  အတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။