Online ပေါ်တွင် ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်မရှိဘဲ ရောင်းချဝန်ဆောင်မှု

 

ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများအရ ခွင့်ပြုထားခြင်းမရှိသော မိုဘိုင်းဆက်သွယ်ရေး Repeater စက်ပစ္စည်းများအား  Online ပေါ်တွင် ကြော်ငြာ၍ ရောင်းချနေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် မသိနားမလည်သော အသုံးပြုမှုကြောင့် အများပြည်သူအသုံးပြုနေသည့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ ဆက်သွယ်ရေးကွန်ရက်တွင် နှောင့်ယှက်မှုများဖြစ်ပေါ်စေ၍ ဆက်သွယ်ရေး ဝန်ဆောင်မှုအရည်အသွေး (Network Quality) ကို ထိခိုက်သဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၀(က) အရ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ပြီး တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ Online ကုမ္ပဏီနှင့် နယ်မြေရဲစခန်းတို့သို့ အသိပေးအကြောင်းကြားခဲ့မှုအပေါ် ကုမ္ပဏီမှ  လက်ရှိပစ္စည်းသည် ဆိုင်တွင်လက်ဝယ်ရှိသော ပစ္စည်းမဟုတ်ကြောင်း နောင်တွင် ရောင်းချမှုမရှိတော့ပါကြောင်းနှင့်  ဥပဒေနှင့်မလွတ်ကင်းကြောင်း သိရှိပါ၍ ပုံတင်ထားမှုများကို ဖြုတ်ချမည်ဖြစ်ကြောင်း  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲသို့ လာရောက်၍ ဝန်ခံကတိပြုခဲ့ပါသည်။