Policies and Frameworks for Internet Exchange အား ထုတ်ပြန်ကြေညာခြင်း

 

မြန်မာနိုင်ငံတွင် Internet Service Provider (ISP) များ ပိုမိုများပြားလာသည်နှင့်အမျှ Local Traffic များကို တတ်နိုင်သမျှ ပြည်တွင်း၌သာ ချိတ်ဆက်ခြင်းဖြင့် International Bandwidth လျော့ကျလာစေရန်ရည်ရွယ်၍ Internet Exchange Point (IXP) တည်ထောင်ရာတွင် အစိုးရမှ မူဝါဒချမှတ်၍ ကုန်ကျစရိတ်များကို Member များမှ အချိုးကျခွဲဝေကျခံမည့်အကျိုးအမြတ် ရယူခြင်းမရှိသော အဖွဲ့အစည်းပုံစံဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပြီးဖြစ်သည့် Technical Specification and Quality of Service for International Gateway Service အခန်း() အပိုဒ်()ပါ ပြဋ္ဌာန်းချက် အရ အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက်ဝန်ဆောင်မှုလုပ်ငန်း (International Gateway Service) ဝန်ဆောင်မှုလုပ်ငန်းရရှိထားသည့် ကုမ္ပဏီ/အဖွဲ့အစည်းများသည် Internet Exchange သို့ လာရောက်ချိတ်ဆက်ရမည်ဖြစ်ရာ လက်ရှိမြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရကုမ္ပဏီများဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းက Internet Exchange (IX) တည်‌ထောင်၍ လုပ်ငန်းဆောင်ရွက်နေမှုများရှိသည့်အတွက် ဆက်သွယ်‌‌ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းခြင်းနှင့် စိစစ်ကြီးကြပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်‌ရန်အတွက် Policies and Frameworks for Internet Exchange အား ထုတ်ပြန်လိုက်ပါသည်။

မိုဘိုင်းအော်ပရေတာများ၊ အပြည်ပြည်ဆိုင်ရာပင်မဝင်ပေါက်ထွက်ပေါက်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသောကုမ္ပဏီ/ အဖွဲ့အစည်းများသာမက Internet Exchange တည်ထောင်၍လုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအနေဖြင့် Policies and Frameworks for Internet Exchange ပါ သတ်မှတ်ချက်များအား အသေးစိတ်ဖတ်ရှုနိုင်ရန်အတွက် အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။