ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း ၏ ၂၀၂၅-၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Pragmatic Enterprise Architecture for Digital Government သင်တန်း၊ Applied AI Tools for Smarter, Secure and Ethical Practices သင်တန်းနှင့် Cloud Native Infrastructure (Open Stack) သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း ၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် တကွ ဌာနအကြီးအကဲများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ CIO/ACIO များ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Pragmatic Enterprise Architecture for Digital Government သင်တန်းတွင် ဒစ်ဂျစ်တယ် အစိုးရစနစ်ဖော်ဆောင်ရာတွင် အဖွဲ့အစည်း၏ လုပ်ငန်းရည်မှန်းချက်များနှင့် နည်းပညာစနစ်များကို ပေါင်းစည်း၍ ထိရောက်မှု ရှိစွာ ဆောင်ရွက်နိုင်မည့် Enterprise Architecture (EA) မူဘောင်များ ရေးဆွဲနိုင်ရန်နှင့် မူဘောင်တစ်ခုရေးဆွဲရာတွင် အဓိကကျသည့် Business ၊ Data ၊ Application နှင့် Technology အဆင့်အလိုက် Work Packages များ ချိတ်ဆက် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ Applied AI Tools for Smarter, Secure and Ethical Practices သင်တန်းတွင် ChatGPT၊ Gemini ၊ Copilot ၊ Notion AI ၊ Canva AI စသည့် AI Tools များအား အဆင့်မြင့်အသုံးချ၍ မှတ်စုရေးမှတ်ခြင်း၊ အစီရင်ခံစာများ အနှစ်ချုပ်ရေးသားခြင်း၊ အစည်းအဝေး မှတ်တမ်းများမှ အချက်အလက်များ ထုတ်ယူရေးသားခြင်း၊ လုပ်ငန်းစဥ်များအား အလိုအလျောက် စီမံနိုင်ခြင်း၊ Presentation ဒီဇိုင်းများ လွယ်ကူ မြန်ဆန်စွာပြုလုပ်နိုင်ခြင်းနှင့် AI Tools များကို လုပ်ငန်းခွင်တွင် ပေါင်းစပ်အသုံးချနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၅-၂၀၂၆ လေ့ကျင့်သင်ကြားရေးနှစ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ပို့ချမည့် Cloud Native Infrastructure (Open Stack) သင်တန်းသည် OpenStack နှင့် Cloud Native Architecture ကို အခြေခံ၍ Virtualization၊ Containerization နှင့် Orchestration နည်းပညာများကို လေ့လာသိရှိနိုင်စေရန်နှင့် Enterprise Level Private Cloud Deployment များ လက်တွေ့လုပ်ဆောင်နိုင်စေရန် Physical Devices များဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
Pragmatic Enterprise Architecture for Digital Government သင်တန်း၊ Applied AI Tools for Smarter, Secure and Ethical Practices သင်တန်းများကို သင်တန်းကာလ ၁ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး Cloud Native Infrastructure (Open Stack) သင်တန်းသည် ၃ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

