SEA-ME-WE5 ချို့ယွင်းမှုကြောင့် MPT မိုဘိုင်းဖုန်းဝန်ဆောင်မှုများနှင့် အင်တာနက် ဝန်ဆောင်မှုများ အသုံးပြုရာတွင် လိုင်းနှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိ

MPT အသုံးပြုသူ မိဘပြည်သူများ ခင်ဗျာ…
ပင်လယ်ရေအောက်ကေဘယ် SEA-ME-WE5 ချို့ယွင်းမှုကြောင့် MPT မိုဘိုင်းဖုန်းဝန်ဆောင်မှုများ နှင့် အင်တာနက်ဝန်ဆောင်မှုများ၊ International Roaming ဝန်ဆောင်မှုများ နှင့် International SMS ဝန်ဆောင်မှုများ အသုံးပြုရာတွင် လိုင်းနှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့အနေဖြင့် နဂိုအတိုင်း ပြန်လည် ကောင်းမွန်စေရန်အတွက် ပြင်ဆင်မှုများကို အမြန်ဆုံး ဆောင်ရွက်နေပါသည်။ အဆင်မပြေမှုများအတွက် အနူး အညွတ်တောင်းပန်အပ်ပါသည်။