MySQL Database သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) MySQL Database (Online) သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၃၃ ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးမှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်  ပထမဆုရရှိသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒေါ်ဝတ်ရည်သန့် အားလည်းကောင်း၊ ဒုတိယဆုရရှိသော အလုပ်သမား၀န်ကြီးဌာနမှ ဒေါ်နှင်းယုမော် အားလည်းကောင်း၊ တတိယဆုရရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃)မှ ဦးပိုင်ပိုင်ထွန်း အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။