အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက် (ကြာသပတေးနေ့) မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၊ဥက္ကဋ္ဌ)၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး Telecommunications Infrastructure Services, Rural Project(၁/၂၀၂၄) USF လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူမည့် တင်ဒါပုံစံများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် USF ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် နေရာဒေသများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နောင်မွန်ဒေသ 4G စနစ်သို့ အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် SIM Registration Mangement System တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားမှုအခြေအနေတို့အား ဆွေးနွေးခဲ့ကြပါသည်။