မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၆:၁၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၅၀)မိနစ်၊ (၅၀) စက္ကန့်အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဧလာမြို့၏ အရှေ့တောင်ဘက် (၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၅၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၉)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။