ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၁၂)လုံးပါတံဆိပ်ခေါင်းတွဲ ၂၄၀၀ ကျပ်တန် စာပို့ တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။

             မြန်မာ့ယဉ်ကျေးမှု  အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့် အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထား မှတ်သားနိုင်စေရန် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်း    နိုင်ကြရန် ရည်ရွယ်၍ ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု  အထိမ်းအမှတ် Block of Stamp  အထူးထုတ်  ၂၀၀ ကျပ်တန် (၁၂)လုံးပါ တံဆိပ်ခေါင်းတွဲ ၂၄၀၀ ကျပ်တန် စာပို့ တံဆိပ်ခေါင်းသစ်(၁) မျိုးအား   ၂၀၂  ခုနှစ်၊ ဇွန်လ (၂၀) ရက်        မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၀)ရက် (သောကြာနေ့)   နံနက်(၀၉း၃၀)နာရီ       အချိန်မှစတင်၍    နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင်  ၂၀၂  ခုနှစ်၊  ဇွန်လ (၂၀) ရက် (သောကြာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်း များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ပါသည်။

တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန်ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။ တံဆိပ်ခေါင်း ဝယ်ယူလိုသူများ အနေဖြင့် -

ဒေါ်ခင်ညိုညိုမြင့်၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး)၊ ၀၉-၄၄၈၀၀၀၀၉၆

ဒေါ်တင်မေကြည်၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊၀၉-၄၂၈၁၃၈၄၆၃

ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။