၂-၃-၂၀၁၉ ရက်နေ့၊ နံနက် (၀၇:၄၅) အချိန်ခန့်တွင် မာန်အောင်ကျွန်း၊ ကမားကျေးရွာ ကမ်းစပ်အနီးတွင် Dead Body တစ်ခုတွေ့ရှိကြောင်း ကမားကျေးရွာ ရဲစခန်းက သတင်းနှင့် ဓာတ်ပုံ မှတ်တမ်းပေးပို့လာသဖြင့် စိစစ်ရာ ပုံပန်းသဏ္ဍာန်နှင့် အဝတ်အစားများအရ “ဆင်ပြောင်” ရေယာဉ်နစ်မြုပ်စဉ် ပျောက်ဆုံးနေသော ဦးကျော်လင်းအေး၊ ပုဂ္ဂလိကအမှတ်(၆၅၆၄၀)၊ သင်္ဘောသား ၏ Dead Body ဖြစ်ကြောင်း အတည်ပြု ရရှိပါသည်။
အဆိုပါရုပ်အလောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ နယ်မြေခံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် နာရေးကူညီမှုအသင်းတို့၏အကူအညီဖြင့် ကမားကျေးရွာမှတစ်ဆင့် မာန်အောင်မြို့နယ် ဆေးရုံသို့ ဆက်လက် ပို့ဆောင်ခဲ့ပါသည်။ ထို့နောက် ရုပ်အလောင်းကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနှင့် အညီ သင်္ဂြိုလ်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကျောက်ဖြူဆိပ်ကမ်းမှူး၊ မန်နေဂျာ ဦးစိုးလွင်က ဦးစီး၍ ဆောင်ရွက်ခဲ့ရာ ၂-၃-၂၀၁၉ ရက်နေ့၊ ၁၆:၂၅ အချိန်တွင် မာန်အောင်မြို့သုဿာန်၌ ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပြီးစီး ခဲ့ပါသည်။
“ဆင်ပြောင်”ရေယာဉ်နစ်မြုပ်စဉ် ပျောက်ဆုံးလျက်ရှိသော ရေယာဉ်ဝန်ထမ်း(၁၉)ဦး အနက်၊ ၂.၃.၂၀၁၉ ရက်နေ့အထိ ရေယာဉ်ဝန်ထမ်း(၁၃)ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ပျောက်ဆုံးဝန်ထမ်း (၆)ဦးတို့ကို ဆက်လက် ရှာဖွေလျက် ရှိပါကြောင်း သိရှိရပါသည်။
၁၁-၂-၂၀၁၉ ရက်နေ့တွင် မာန်အောင်ကျွန်းမီးပြအနီး နစ်မြုပ်သွားသော
“ဆင်ပြောင်”ရေယာဉ်မှ
ကယ်ဆယ်ရရှိ / အလောင်းရ / ပျောက်ဆုံး ဝန်ထမ်းစာရင်း
(၃-၃-၂၀၁၉ ရက်နေ့ ညနေ ၁၈:၀၀ အချိန်အထိ ရရှိစာရင်း)
ကယ်ဆယ်ရရှိ စာရင်း (၇)ဦး
စဉ် |
အမည် |
ပုဂ္ဂလိကအမှတ် |
ရာထူး |
မှတ်ချက် |
၁။ |
ဦးမိုးလွင် |
၃၂၃၅၀ |
ရေယာဉ်အရာရှိ |
ကယ်ဆယ်ရရှိ |
၂။ |
ဦးသန့်ဇင်အောင် |
၆၆၂၃၆ |
ဒု-အရာရှိ |
ကယ်ဆယ်ရရှိ |
၃။ |
ဦးသန့်ဇော်ဦး |
၆၃၁၁၂ |
ကုန်းပတ်မှူး |
ကယ်ဆယ်ရရှိ |
၄။ |
ဦးထွန်းရွှေ |
၆၄၅၃၅ |
ဆီလောင်း |
ကယ်ဆယ်ရရှိ |
၅။ |
ဦးမြင့်အောင် |
၆၅၆၆၆ |
ဆီလောင်း |
ကယ်ဆယ်ရရှိ |
၆။ |
ဦးကိုကိုဦး |
၃၂၂၃၀ |
ဆီလောင်း |
ကယ်ဆယ်ရရှိ |
၇။ |
ဦးဇော်ဌေး |
၆၄၆၁၀ |
ဆီလောင်း |
ကယ်ဆယ်ရရှိ |
အလောင်းရရှိ စာရင်း (၁၃)ဦး
စဉ် |
အမည် |
ပုဂ္ဂလိကအမှတ် |
ရာထူး |
တွေ့ရှိရက်စွဲ |
၈။ |
ဦးမြတ်မော် |
၃၂၀၃၄ |
ဆက်သွယ်ရေးတာဝန်ခံ |
၁၁-၂-၂၀၁၉ |
၉။ |
ဦးကျော်ညွန့် |
၆၄၃၈၀ |
အငယ်တန်းအင်ဂျင်နီယာ(၃) |
။ |
၁၀။ |
ဦးထွန်းထွန်း |
၃၁၇၀၄ |
ရေယာဉ်မှူး |
၁၂-၂-၂၀၁၉ |
၁၁။ |
ဦးထွန်းအောင် |
၆၆၈၇၂ |
ပူးတွဲရေယာဉ်မှူး |
။ |
၁၂။ |
ဦးတင်မောင်ဝင်း |
၃၆၅၈၃ |
လျှပ်စစ်ကျွမ်းကျင် |
။ |
၁၃။ |
ဦးမြတ်ဆွေ |
၃၁၇၄၉ |
သင်္ဘောသား |
။ |
၁၄။ |
ဦးသိန်းလွင် |
၆၃၀၇၈ |
သင်္ဘောသား |
။ |
၁၅။ |
ဦးထွန်းဦး |
- |
ကုန်းပတ်မှူး(အငြိမ်းစား) |
။ |
၁၆။ |
ဦးမင်းလွင် |
၄၂၇၄၄ |
သင်္ဘောသား |
၁၃-၂-၂၀၁၉ |
၁၇။ |
ဦးမင်းဇော်ထွေး |
၆၇၈၀၇ |
သင်္ဘောသား |
။ |
၁၈။ |
ဦးသန်းထိုက် |
၆၅၇၂၉ |
ဆီလောင်း |
၁၄-၂-၂၀၁၉ |
၁၉။ |
ဦးတင်ဇော်ဝင်း |
၆၉၁၅၁ |
လုပ်သားမှူး |
၁၆-၂-၂၀၁၉ |
၂၀။ |
ဦးကျော်လင်းအေး |
၆၅၆၄၀ |
သင်္ဘောသား |
၂-၃-၂၀၁၉ |
ပျောက်ဆုံးဆဲစာရင်း (၆)ဦး
စဉ် |
အမည် |
ပုဂ္ဂလိကအမှတ် |
ရာထူး |
မှတ်ချက် |
၂၁။ |
ဦးဇေဖြိုးအောင် |
၃၂၃၃၃ |
အင်ဂျင်နီယာမှူး |
ပျောက်ဆုံး |
၂၂။ |
ဦးမျိုးမင်းထွန်း |
၃၂၃၃၉ |
တ-အင်ဂျင်နီယာ |
ပျောက်ဆုံး |
၂၃။ |
ဦးခင်စိုး |
၆၃၈၉၈ |
စက်ခန်းအုပ် |
ပျောက်ဆုံး |
၂၄။ |
ဦးကံရှိန် |
၇၀၄၂၅ |
ဆီလောင်း |
ပျောက်ဆုံး |
၂၅။ |
ဦးကျော်ကျော်မိုး |
၆၇၇၈၇ |
ဆီလောင်း |
ပျောက်ဆုံး |
၂၆။ |
ဦးအောင်သိန်းညွန့် |
နေ့စား |
ဒေသခံမီးပြဝန်ထမ်း |
ပျောက်ဆုံး |