Cyber Law (မူကြမ်း) ပြုစုရေးဆွဲရေး အထောက်အကူပြုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

Cyber Law (မူကြမ်း) ပြုစုရေးဆွဲရေး အထောက်အကူပြုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ (၂၉) ရက်နေ့၊ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသော Cyber Law and Policy ပထမမူကြမ်းအပေါ် တက်ရောက်လာသည့် ကော်မတီဝင်များမှ ဝိုင်းဝန်း အကြံပြုရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။