ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

“ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်”

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်ရက်နေ့မှ စက်တင်ဘာလ (၁၈) ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက် အမြင့်ပေ(၂၀.၀၀) ပေခန့်မှ (၂၀.၁၀) ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြ သော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန်အလို့ငှာ ယခုကဲ့သို့ သတိပေး သတင်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေး အကြောင်းကြားအပ်ပါသည်။