နိုဝင်ဘာလ (၈) ရက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် ဒေတာ၊ အချက်အလက်များကို ရုပ်ပုံကားချပ်များ Animation တို့ဖြင့် ရှင်းလင်းတင်ပြခြင်းနှင့် Presentation Slide များ လက်တွေ့ လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော Microsoft Office PowerPoint 2010 Training အမှတ်စဉ် (၀၁၁၆/၀၁/၁၉-၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ (၈) ရက်နေ့ ညနေပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။
အဆိုပါ Microsoft Office PowerPoint 2010 Training အမှတ်စဉ် (၀၁၁၆/၀၁/၁၉-၂၀) သင်တန်းကို ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၆) ခုမှ သင်တန်းသား (၃၇) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။
အဆိုပါသင်တန်းကို (၄-၁၁-၂၀၁၉)ရက်နေ့မှ (၈-၁၁-၂၀၁၉) ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ် ပို့ချခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်မှ သင်တန်းဆင်းအမှာစကားများနှင့် ထူးချွှန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း များမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။
ITCS သင်တန်းကျောင်း