“Workshop on Cyber Security in Myanmar” တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်(ဆက်သွယ်ရေး) ဦးစိုးသိန်း တက်ရောက်အမှာစကားပြောကြား

မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းWorkshop on Cyber Security in Myanmar အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်(ဆက်သွယ်ရေး)  ဦးစိုးသိန်းနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး Mr. Taro Hashimoto တို့တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 

အလုပ်ရုံဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MIC) မှ Mr. Taro Hashimoto က “Cyber Security Policy Measures  in Japan” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုး က “Cyber Security Challenges in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံ၊ Fujitsu Learning Media  မှ Lecturer Mr. Miyauchi Toshinori က “Introduction to Cyber Security Incident Response” ခေါင်းစဉ်ဖြင့်လည်းကောင်း  ရှင်းလင်းတင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြံရေးဆိုင်ရာစွမ်းဆောင်ရည်နှင့် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ ဝန်ကြီးဌာန၊ အစိုးရ အဖွဲ့အစည်း များ၊  Telco / ISP/ Bank များတွင် Computer Security Incident Response Team (CSIRT) ဖွဲ့စည်း တည်ထောင်ကာ ဆိုက်ဘာတိုက်ခိုက်ခံရပါက အမျိုသားဆိုက်ဘာလုံခြံရေးဗဟိုဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (mmCERT/cc)  နှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပုံ၊ Telco/ ISP/ Bank & Financial Sector များတွင်  Information Sharing & Analysis Center (ISAC) ဖွဲ့စည်းကာ ဆိုက်ဘာ တိုက်ခိုက်ခံရမှု သတင်းအချက်အလက်များအား အချိန်နဲ့တပြေးညီ Share ရန်နှင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ် ပူးပေါင်း တုံ့ပြန် ဆောင်ရွက်ရန်လိုအပ်ပုံများအား Panel Discussion ပြုလုပ်ရာ JICA Expert / Policy Advisor Mr. Yamamoto Kazuhiro က Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊  ဦးစီးဌာန၊ လုပ်ငန်း၊ University College ၊ သင်တန်းကျောင်းများမှ  ဆိုက်ဘာ လုံခြုံရေးတာဝန်ရှိသူများ ဂျပန်နိုင်ငံ MIC ၊ KDDI ၊ Fujitsu ၊ Yachio Engineering တို့မှ တာဝန်ရှိသူများ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။