Web Design HTML 5 & CSS 3 Course သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၀ခုနှစ် ဇန်နဝါရီ (၂) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်းတွင် Web Design အခြေခံနည်းပညာများကို နားလည်၍ HTML5 နှင့် CSS3 Language ကိုအသုံးပြု၍ Static Web Page များကို လက်တွေ့ ရေးသားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Web Design HTML 5& CSS 3 Course သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဇန်နဝါရီ (၂) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

       Web Design HTML 5& CSS 3 Course သင်တန်းကာလမှာ (၂-၁-၂၀၂၀) ရက်နေ့မှ (၁၇-၁-၂၀၂၀) ရက်နေ့အထိ (၁၂) ရက် သင်တန်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၄) ခုမှ သင်တန်းသား (၃၉) ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။ 

      သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး  သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

        သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း များ မှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။