အများပြည်သူသုံး အင်တာနက်ဆိုင်ရာဝန်ဆောင်မှု (Public Access Center-PAC) လိုင်စင်ကို ပယ်ဖျက်

           အများပြည်သူသုံး အင်တာနက်ဆိုင်ရာဝန်ဆောင်မှု (Public Access Center-PAC) လိုင်စင်များကို ကွန်ပျူတာပညာဖွံ့ဖြိုးဥပဒေ ပုဒ်မ ၂၉ အရ လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။အဆိုပါ အများပြည်သူသုံး အင်တာနက်ဆိုင်ရာဝန်ဆောင်မှု (Public Access Center-PAC) လိုင်စင်များကို အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အဖြစ် ၁၂ လအတွင်း အသွင်ကူးပြောင်းရန် လိုင်စင်အသွင်ကူးပြောင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၅)ကို (၁၂-၁-၂၀၁၅)ရက်နေ့တွင် ထုတ်ပြန်ကြော်ငြာခဲ့ပြီး ဖြစ်သည့်အတွက် ယင်းအမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည့် အချိန်ကာလသတ်မှတ်ချက်အတွင်း အသွင်းကူးပြောင်းရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော အများပြည်သူသုံးအင်တာနက်ဆိုင်ရာဝန်ဆောင်မှု(Public Access Center-PAC) လိုင်စင်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂၀/၂၀၂၀)ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်သည်။

 ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန