Universal Service Fund (USF) ဖြင့် မြို့နယ်/မြို့ (၃၃)ခုအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေ အခန်း ၁၅၊ ပုဒ်မ ၅၄ အရ အများပြည်သူအကျိုးငှာ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ(Universal Service Fund,USF)ကိုအသုံးပြု၍ မြို့နယ်/မြို့ (၃၃)မြို့နယ် အား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆက်သွယ်ရေးအော်ပရေတာ (၄)ဦးအား တင်ဒါ ခေါ်ယူလိုက်သည်။

တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့် ဆက်သွယ်ရေးအော်ပရေတာ (၄)ဦးအနေဖြင့်  မြို့နယ်/မြို့ (၃၃) မြို့နယ်အတွက် တင်ဒါအဆိုပြုလွှာတင်သွင်းခြင်းအား Phase I အတွက် (၅-၁၁-၂၀၂၀) ရက်နေ့အထိ၊ Phase II အတွက် (၆-၁-၂၀၂၁) ရက်နေ့အထိနှင့် Phase III အတွက် (၂၆-၂-၂၀၂၁) ရက်နေ့အထိ နောက်ဆုံးထား၍ တင်ဒါတင်သွင်းသွားရန် ဖြစ်သည်။

Universal Service Fund (USF) ဖြင့် အများပြည်သူအကျိုးငှာ အခြေခံ ဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးအော်ပရေတာ(၄)ဦးသို့ တင်ဒါခေါ်ယူထားရှိမှုအခြေအနေအား အများပြည်သူသိရှိနိုင်ရန် တင်ဒါအဆိုပြုလွှာ(Request for Bids, RfB)အား ထုတ်ပြန်လိုက်သည်။