မြန်မာစံတော်ချိန် (၁၂:၅၅) နာရီထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၃၅)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၄)မိုင်ခန့်ကွာဝေး သော၊ မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့မြောက်ဘက် (၂၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၈၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၀၄)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။