အပြည်ပြည်ဆိုင်ရာပင်မ ဝင်ပေါက်ထွက်ပေါက် ဝန်ဆောင်မှုလုပ်ငန်း (IGW)ခွင့်ပြုချက်ရရှိထားသော ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများ၏ နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းများအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ နှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဖိုင်ဘာဆက်ကြောင်းများအား ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်သည် ၂၀၂၁ ခုနှစ် ၊ မတ်လ (၂၂) ရက်နေ့မှ မတ်လ (၂၄) ရက်နေ့အထိ ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့သို့ သွားရောက်၍ ဒေသဆိုင်ရာအာဏာပိုင်များ ၊ လိုင်စင်ရဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။