ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ၊ ဧပြီ  ၂၆

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဧပြီလ ၂၆ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(ကြီးကြပ်ရေးမှူး)သင်တန်း အမှတ်စဉ် (၃/၂၀၂၁)၊လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းအမှတ်စဉ် (၂/၂၀၂၁)၊အခြေခံစာရေးကွန်ပျူတာအထူးပြုသင်တန်းအမှတ်စဉ် (၄၈/၂၀၂၁)၊ လျှပ်စစ်အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၁)သင်တန်းများဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

 အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက်ကျောင်းအုပ်ကြီးသည်သင်တန်းသူ/သားများကို ရင်းနှီးစွာလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

                  ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း