ကဆုန်ညောင်ရေသွန်းပွဲ

မြန်မာသက္ကရာဇ် ၁၃၈၃ ခု ကဆုန်လပြည့်၊ ၂၅.၅.၂၀၂၁ အင်္ဂါနေ့ ညနေ ၅ နာရီတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အေးချမ်းကမ္ဘာဓမ္မာရုံ၌ ညောင်ရေသွန်းပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ညောင်ရေသွန်းပွဲတွင် ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးနှင့်တကွ ဝန်ထမ်းများ၊သင်တန်းသူ/သားများ ဝန်ထမ်းမိသားစုများစည်ကားသိုက်မြိုက်စွာပါဝင်ကြရာ ပထမဦးစွာ အေးချမ်းကမ္ဘာဓမ္မာရုံကို သရဏဂုံသုံးပါးရွတ်ဆိုပူဇော်လျှက်(၃) ပတ်လှည့်လည်ခဲ့ကြပြီးညောင်ရေသွန်းလောင်းခဲ့ကြပါသည်။

ယင်းနောက်ကျောက်ကျောအအေးဖျော်ရေများဧည့်ခံတိုက်ကျွေးခဲ့ပြီး စီမံကွပ်ကဲရေး (အခြားအဆင့်)သင်တန်းအမှတ်စဥ်(၇၀/၂၀၂၁)မှသင်တန်းသူ/သားများကကြာဇံဟင်းခါးဖြင့်ကျွေးမွေးလှူဒါန်းဧည့်ခံခဲ့ကြပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း