ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ နှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၁

            ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ၂၀၂၁ ခုနှစ်၊ ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ဘူတာကြီးပုရဝုဏ်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး ၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ ၊ အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အထွေထွေမန်နေဂျာများနှင့် အရာထမ်း၊အမှုထမ်းများတက်ရောက်  ကြပါသည်။

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည်၂၀၁၁ ခုနှစ်မှ၂၀၂၀ ပြည့်နှစ်အထိ သီးပင်စားပင် များအပြင် ကျွန်းပင်ပေါင်း (၂၄၀၀)ကျော်၊ သရက်ပင်(၈၅၀)ကျော်နှင့် အရိပ်ရလေကာပင် (၆၂၂၅)ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

ယနေ့မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက်ပင်၊ သီဟိုဋ်ပင်၊ ရတနာတန်းဝင်ကျွန်းပင်များ၊ မာဂျန်ရှားနှင့် မယ်ဇလီပင်များအား အသီးသီးစိုက်ပျိုးခဲ့ကြပြီး  ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှု  အားပေးခဲ့ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉)အနီးရှိလှိျုပိတ်ဆည်တွင်ကျင်းပပြုလုပ်သည့်ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ဆက်လက် တက်ရောက်ခဲ့ပြီး ဆည်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ(၂၀၀၀၀)အား စိုက်ထည့်ပေးခဲ့ကြောင်းသတင်း ရရှိပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန