(မြန်မာစံတော်ချိန် ၁၁:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၁၃)မိနစ်၊ (၅၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၅၄၁)မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်ပ (Nicobar Islands, India Region)၊ မြောက်လတ္တီတွဒ် (၉.၂၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၅)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၅.၉)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။