မြစ်ရေကြီးခြင်းသတိပေးချက်

မင်္ဂလာနံနက်ခင်းပါ

  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၃၀.၈.၂၀၂၁) ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန် ထားတယ်…..

  ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန်  တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့် ရောက်ရှိနေပါ သည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

 ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန်  တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်စီ အသီးသီး ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေများသည် နောက်()ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

 သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေဖြင့် သတိပြု နေထိုင်ကြပါရန် နှိုးဆော်အပ်ပါ သည်။